(JICM)တွင် ငြိမ်းချမ်းရေး ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဒေါ်အောင်ဆန်းစုကြည်က ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အချိန်ကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ

ညှိနှိုင်းအစည်းအဝေး (JICM)တွင် ငြိမ်းချမ်းရေး ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို

ဒေါ်အောင်ဆန်းစုကြည်က ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

 

 

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-I) ရှိ နီလာခန်းမ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ဥက္ကဋ္ဌ၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သည်။

 

အစည်းအဝေးမစတင်မီ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အချိန်ကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု
ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)တွင် ငြိမ်းချမ်းရေး ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်
ခဲ့ကြသည့်

  • ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊
  • ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း၊
  • ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊
  • ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊
  • ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊
  • ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊
  • ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊
  • ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊
  • ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်၊
  • မွန်ပြည်သစ်ပါတီ (NMSP) နာယက နိုင်ထောမွန်၊
  • KNU/KNLA-PC အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာနော်ကပေါ်ထူး၊
  • ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)မှ စောမိုရှေး၊
  • ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊
  • မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊
  • ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊
  • ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက ဖြားတန်ခွန်ဥက္ကာ၊
  • လားဟူ ဒီမိုကရက် တစ်အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကျာခွန်ဆာ နှင့်
  • ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

တို့ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားပြန်လည်သင့်
မြတ်ရေးနှင့်ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်ကြိုးပမ်း ဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေး ဦးဆောင်သူများ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို လက်ရောက် ပေးအပ် ထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကြေညာသည်။

 

Source – Myanmar State Counsellor Office


Spread the love
  •  
  •  
  •  
  •  
  •  
  •