June 8 ရက် COVIDကာလ သတင်းစုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🚨June 8 ရက် COVIDကာလသတင်းစုံ
~~~~~~~~~~~~~~~~~~~~~
🇲🇲 #မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 243 ) ယောက်ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ ကုသမှုခံယူပြီးပိုးကင်းစင်သွားသူ ( 156 ) ယောက်ရှိသွားပါပြီ။

🌎 ကမ္ဘာမှာ ပိုးတွေ့သူ ( 7 ) သန်း ရှိသွားပါပြီ။ Covid ကပ်ကြီးပြီးသွားချိန်မှာ ( 10 ) သန်းအထက်ရှိမယ်လို့ မှန်းပါတယ်။

🇺🇸 အမေရိကန်မှာ ရောဂါပိုးတွေ့သူ 2 သန်းကျော်သွားပါပြီ။ သေဆုံးသူ 1 သိန်းကျော်သွားပါပြီ။
——————————
☕🍔 အချိန်ရသလောက် သတင်းအတိုအထွာအချို့ကို “5 မိနစ်သတင်းကဏ္ဍ” အနေနဲ့ တင်ဆက်ပေးပါမယ်။

🇺🇸 အမေရိကန်မှာ ဆန္ဒပြမှုဟာ 1 ပတ်နဲ့ 6 ရက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရက်ကြာလာလေအနိဌာရုံတွေသာ ပိုတိုးလာပါတယ်။

LA က ရဲတွေဟာ ဘီးတပ်ကုလားထိုင်ပေါ်က လူတစ်ယောက်ရဲ့ မျက်လုံးကို ရာဘာကျည်ဆံနဲ့ ပစ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ခက်နေတာက Black Lives Matter လို့ ဆန္ဒပြနေသူတွေဟာ All Lives Matter ဆိုတာကို လက်မခံတာလည်းရှိနေတာဖြစ်ပါတယ်။

လူဖြူလူမည်းပြဿနာက အတော်ရှုပ်ထွေးပါတယ်။ လူမျိုးရေးခွဲခြားမှုမှာ ဘာလို့ဒီလိုဖြစ်ရသလဲဆိုတာ ဒီခေတ်မှာ အတော်ပြောရခက်လာပါတယ်။

2006 လောက်က LA မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာ ကိုရီးယားအဖိုးကြီးလင်မယားဟာ ပင်မင်းဆိုင်ဖွင့်ထားပါတယ်။

အဲ့ဒီမှာ လူမည်းရှေ့နေတစ်ယောက်ဟာ အဝတ်လျှော်ဖို့အပ်ထားတာ လာပြန်ရွေးရင်း သူ့👖ဂျင်းဘောင်းဘီမှာ အပေါက်သေးတစ်ပေါက်ပေါက်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက် ကိုရီးယားအဖိုးကြီးလင်မယားက လျှော်ကြေးပေးပါ့မယ်ဆိုခဲ့ရာမှာ အဲ့ဒီလူမည်းရှေ့နေက ဒေါ်လာသန်းနဲ့ချီတောင်းခဲ့ဖူးပါတယ်။

👉 ဘယ်လိုမှညှိမရလို့ နောက်ဆုံးမှာ ကိုရီးယားအသင်းကနေ ဒေါ်လာသိန်းချီပြီးစိုက်လျှော်ခဲ့ရဖူးပါတယ်။

အဲ့ဒီလိုပြဿနာတွေကလည်း အမေရိကားမှာရှိနေပါတယ်။ အဲ့ဒီတော့ Black lives matter ဆိုတာထက် ကျနော်ကတော့အားလုံးသာတူညီမျှ All lives matter ကိုပဲထောက်ခံပါတယ်။

🇭🇰 ဆန္ဒပြမှုတွေဟာ တကမ္ဘာလုံးကို ပြန့်နှံ့သွားရာမှာ ဟောင်ကောင်မှာတောင် Black Lives Matter လို့ ဆန္ဒထွက်ပြကြတဲ့ တရုတ်တွေရှိလာပါတယ်။

နောက်ကွယ်က လက်မည်းကြီးဘယ်သူလဲဆိုတာ သိသာပါတယ်။

သမ္မတထရမ့်ဟာ COVID-19 Test swab တွေထုတ်တဲ့စက်ရုံကို သွားလည်ခဲ့ပါတယ်။ အဲ့ဒီစက်ရုံကို လှည့်လည်စစ်ဆေးစဉ်မှာ စက်ရုံစည်းကမ်းနဲ့အညီ 😷 mask မတပ်ခဲ့တာကြောင့် စက်ရုံက အဲ့ဒီ COVID-19 Test swab တွေကို #လွှင့်ပစ်မယ်လို့ ဆိုပါတယ်။

ဘယ်လောက်အထိ လွှင့်ပစ်ရမယ်ဆိုတာ စက်ရုံကမပြောပါ။ သမ္မတထရမ့်က စက်ရုံမှာ အလုပ်သမားတွေနဲ့အတူတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

👉 သိတဲ့အတိုင်း အားလုံးက mask တပ်ကြပေမယ့် ထရမ့်ကတော့ သူ့စတိုင်အတိုင်း ဘယ်သူနဲ့ ဓာတ်ပုံရိုက်ရိုက် ဘယ်ပဲသွားသွား mask မတပ်ပါ။

🇬🇧 ဗြိတိန်မှာ လူမျိုးရေးဆန္ဒပြကြတဲ့သူတွေဟာ ရဲနဲ့ပြဿနာတက်ခဲ့ပါတယ်။ သူတို့ဟာ ဝန်ကြီးချုပ်အိမ်အနားမှာဘလုံခြုံရေးယူထားတဲ့ ရဲတွေကို ပုလင်းတွေနဲ့ ပစ်ခဲ့ကြရာက ပြဿနာစခဲ့တာဖြစ်ပါတယ်။

အမေရိကန်သံရုံးဆီကိုလည်း ထောင်နဲ့ချီတဲ့ လူအုပ်ကြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာဆန္ဒမပြပဲ အကြမ်းဖက်လိုသူတွေရှိနေသ၍လည်း ကမ္ဘာကြီးမှာ #မူရင်းဆန္ဒပြတဲ့ရည်ရွယ်ချက်ပျောက်ပြီး ပြဿနာက ပိုဆိုးဖို့သာရှိပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံက 🐘 ကိုယ်ဝန်နဲ့ဆင်မကြီးကို 🍍နာနတ်သီးထဲပေထုပ်ထည့်ကာကျွေးခဲ့တဲ့ စိုက်ခင်းလုပ်သားတစ်ယောက်ကိုဖမ်းဆီးထားပြီး ကျန်လူနှစ်ယောက်ကို လိုက်ရှာနေပါတယ်။

👉 အခုအချိန်ထိ သတင်းအမျိုးမျိုးထွက်နေပြီး ဆင်မကြီးကို တမင်သက်သက်ကျွေးတာလား စိုက်ခင်းပတ်လည်မှာ တောဝက်မောင်းဖို့ချထားတာလား မကွဲပြားသေးပါ။

အဲ့ဒီစိုက်ခင်းနားမှာ အုန်းသီးတွေထဲကို ပေထုပ်တွေထည့်ပြီး ချထားတယ်လို့လည်း ဆိုပြန်ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မိုဆန်မက်ရာရှီဒါဆိုတဲ့ အမျိုးသမီးဟာ စုန်းမလို့ အစွပ်စွဲခံခဲ့ရပြီး ပြီးခဲ့တဲ့လက ဆိုင်ကလုန်းတိုက်စဉ်မှာ အာဏာပိုင်တွေက အကူအညီပေးရာမှာ သူမကို ချန်လှပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ယောက်ျား ဒီရေတောထဲမှာ ပျားရည်ရှာသွားရင်း သေဆုံးခဲ့တာလည်း သူမကပြုစားတာလို့ လူတွေက အထင်လွဲနေကြပါတယ်။

သူမရဲ့သားအကြီးနှစ်ယောက်ကလည်း အသက် 45 နှစ်အရွယ်အမေကို ပစ်ထားကြတယ်လို့ ဆိုပါတယ်။

သူမဟာအခုအခါမှာ ဆိုင်ကလုန်းပြီးကတည်းက အမိုးအကာမရှိတဲ့ တဲထဲမှာ နေနေရတယ်လို့ ဆိုပါတယ်။

👕 ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွေမှာ Covid-19 Test စစ်တဲ့ ဓာတ်ခွဲခန်းတည်မယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းရှင်အသင်း (BGMEA) နဲ့ ဘင်္ဂလားဒေ့ရှ်ဆီးချိုအသင်းတို့ပူးပေါင်းထူထောင်တဲ့ Test လုပ်တဲ့ဓာတ်ခွဲခန်းဟာ တစ်နေ့ကို နမူနာ 180 လောက်စစ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

👚 အထည်ချုပ်လုပ်ငန်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အသက်ဖြစ်ပြီး ပြည်ပပို့ကုန်ရဲ့ 80 ရာနှုန်းဟာ အထည်ချုပ်ပို့ကုန်ပါ။

အထည်ချုပ်စက်ရုံ 4000 ဟာ လူ 4 သန်းကို အလုပ်ပေးထားပြီး အမျိုးသမီးအများစုကို အလုပ်ရစေခဲ့တာပါ။

အထည်ချုပ်မှာ တရုတ်ပြီးရင် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့ဒုတိယအများဆုံး #ဘာကြောင့်ဖြစ်နေတာလဲဆိုတာ ကျနော်တို့ လေ့လာသင့်ပါတယ်။

♦️ အဲ့ဒီလို မလေ့လာနိုင် #လိုအပ်တာတွေမဖြည့်ဆည်းနိုင်ရင်ကျနော်တို့ဟာနောက်ကနေအမြဲကျန်နေခဲ့မှာပါ။

🇸🇬 စင်ကာပူမှာ ဝန်ကြီးချုပ်လီရှန်လုံးနဲ့ ဝန်ကြီးအဖွဲ့ဟာ June လ 7 ရက်နေ့ကနေ 20 ရက်နေ့အထိ Covid အလွန်ကာလ မိန့်ခွန်းလွှင့်မယ်လို့ဆိုပါတယ်။

အဲ့ဒီမှာ ဝန်ကြီးတွေက စင်ကာပူမှာ Covid-19 အလွန်ကာလမှာ ဘာတွေဖြစ်နိုင်သလဲဆိုတာရယ်၊ မုန်တိုင်းကြားကဘတိုင်းပြည်အတွက်ဘယ်လိုအစီအစဉ်တွေချမှတ်ထားသလဲဆိုတာရယ်၊ မုန်တိုင်းထဲက အထွက်မှာ ဘာ်လို ပိုပြီးကြံ့ခိုင်သန်မာစွာ ရုန်းထွက်မလဲဆိုတာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

🚨 စင်ကာပူကကျောင်းတွေမှာ COVID-19 တွေ့ရှိမှုဟာ စုစုပေါင်း 6 ယောက်ဖြစ်ပါတယ်။ 1 ယောက်ထပ်တိုးခဲ့တာပါ။

♦️ နောက်တိုးကျောင်းကတော့ Ascensia International School ပါ။ အဲ့ဒီက တရုတ်နိုင်ငံသား 16 နှစ်အရွယ်ကျောင်းသား/ကျောင်းသူမှာ တွေ့ခဲ့တာပါ။

အရင် ကျောင်း 5 ကျောင်းကတော့ Anglican High School, CHIJ Katong Convent, CHIJ St Theresa’s Convent, Geylang Methodist Secondary School နဲ့ Hwa Chong Institution တို့လို့ MOE က ထုတ်ပြန်ပါတယ်။

အသက် 13 နှစ်နဲ့ 17 နှစ်ကြားက ကျောင်းသား/ကျောင်းသူ 5 ယောက်မှာတွေ့တယ်လို့ဆိုပါတယ်။

အသက် 34 နှစ်အရွယ် ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်လည်းပါပါတယ်။

အခုလိုတွေ့ရှိမှုဟာ June လ 2 ရက်နေ့ကစပြီး အသက် 12 နှစ်နဲ့အထက် ကျောင်းသားကျောင်းသူအားလုံးနဲ့ ပညာရေးဝန်ထမ်းအားလုံးကို နှာစေးချောင်းဆိုးတွေ့တာနဲ့ အကုန်စစ်ရာက တွေ့တာပါ။

♦️ ကျောင်းမှာကူးတာမဟုတ်ပဲ ကျောင်းမဖွင့်ခင်ကာလကတည်းက ကူးစက်လာခဲ့တဲ့ case တွေလို့ဆိုပါတယ်။

🇨🇳 တရုတ်ပြည်မှာ မနေ့က အသစ် 5 ယောက်တွေ့ခဲ့ပါတယ်။ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာမပြသူ 3 ယောက်လည်းတွေ့ခဲ့ပါတယ်။

🇫🇷 ပြင်သစ် သမ္မတက တရုတ်ခေါင်းဆောင် Xi Jinping အား ပြင်သစ်အနေနဲ့ ဟောင်ကောင်ကိစ္စမှာ တစ်ပြည်ထောင် စနစ်နှစ်ခုမူဝါဒကို မဖောက်ဖျက်စေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။

🇲🇱 အာဖရိကတိုက်က မာလီနိုင်ငံမှာ စစ်တပ်က ရွာတစ်ရွာကို မီးရှို့ပြီး လူ 30 လောက်ကို သေစေခဲ့မှုအတွက် အစိုးရက စုံစမ်းစစ်ဆေးပါ့မယ်လို့ ဆိုလိုက်ပါတယ်။

အဲ့ဒီမှာက လက်နှက်ကိုင်တွေနဲ့ စစ်တပ်နဲ့အကြား ပဋိပက္ခတွေဖြစ်နေတာဖြစ်ပြီး ဘယ်သူကလွန်တယ်ဆိုတာပြောရခက်ပါတယ်။

🇦🇺 ဩစတေးလျမှာ အသက် 60 အရွယ် 🏄‍♂️ 🦈 ရေလွှာလှိုင်းစီးသူဟာ 10 ပေရှည်တဲ့ ငါးမန်းကြီးကိုက်လို့ အသက်ဆုံးရှုံးခဲ့ပါတယ်။

🦈 ဒါဟာ ဒီနှစ်ထဲမှာ ဩစတေးလျမှာ တတိယအကြိမ် ငါးမန်းအကိုက်ခံရတာဖြစ်ပါတယ်။

January လတုန်းက ရေငုပ်သမားတစ်ယောက်ဟာ ငါးမန်းကိုက်လို့ သေဆုံးခဲ့ပါတယ်။

April လတုန်းကလည်း Great Barrier Reef မှာ အသက် 23?နှစ်အရွယ် တစ်ယောက်ကို ငါးမန်းက သေလောက်အောင် ကိုက်ခဲ့ပါသေးတယ်။

🇬🇧 ဗြိတိန်နိုင်ငံက ပုဂ္ဂလိကကျောင်းတစ်ကျောင်းက လှေလှော်နည်းပြကို ထောင်ဒဏ် 6 နှစ်ချမှတ်ခဲ့ပါတယ်။

အဲ့ဒီ အန်ဒရူးကွတ်ဆိုသူဟာ အသက် 13 နှစ်ကနေ 17 နှစ်ရှိတဲ့ ယောက်ျားလေးတွေကို သူ့ဆီကိုယ်လုံးတီးပုံတွေ ပို့စေခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ယောက်ျားလေးတွေကို မြူဆွယ်ရာမှာ အသက် 16 နှစ်အရွယ်မိန်းကလေးအဖြစ်ဟန်ဆောင်ကာ မက်ဆေ့တွေပို့ပြီး ကလေးတွေရဲ့ ကိုယ်လုံးတီးပုံတွေ တောင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တစ်နှစ်ကို ကျောင်းလခ မြန်မာငွေ သိန်း 350 ကျော်ကျတဲ့ကျောင်းက အခုလိုသူတို့ဆီက 🛶 အားကစားဆရာရဲ့ လုပ်ရပ်အတွက် စိတ်မကောင်းပါကြောင်း ပြောကြားခဲ့ပါတယ်။

🇺🇸 အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ရစ်စကော့က အမေရိကန်အနေနဲ့ 🇨🇳တရုတ်ပြည်က အနောက်နိုင်ငံတွေရဲ့ Covid-19 ကာကွယ်ဆေးရရှိရန်ကြိုးပမ်းမှုတွေကို နှောင့်နှေးအောင်၊ ပျက်ဆီးအောင် လုပ်နေကြောင်း အထောက်အထားတွေ ရရှိထားတယ်လို့ ဆိုလိုက်ပါတယ်။

အခုလို BBC နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထည့်ပြောမသွားခဲ့ပါဘူး။

———————————-
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 7081594 ယောက်၊ သေသူ 405074 ယောက်။ ပြန်ကောင်းသူ 3453648 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 3858722 မှာ 3453648 ပြန်ကောင်းပြီး 405074 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 🔻🔻10% ဖြစ်ပါတယ်။
——————————
🇺🇸 အမေရိကန်မှာ ရောဂါတွေ့သူ စုစုပေါင်း 2 သန်းရှိသွားပါပြီ။ မနေ့က 18688 ယောက်အသစ်တိုးပါတယ်။ ဆန္ဒပြမှုနဲ့ ပိုဆိုးနိုင်ပါတယ်။

🇧🇷 ဘရာဇီးက တွေ့သူ 691962 ယောက်ရှိသွားပါပြီ။ မနေ့က 18375 ယောက်အသစ်တိုးပါတယ်။

🇮🇳 အိန္ဒိယက တွေ့သူ 257506 ယောက်ရှိသွားပါပြီ။ မနေ့က 10884 ယောက်အသစ်တိုးပါတယ်။ ပိုလို့တိုးလာနေပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့သူ 65769 ယောက်ရှိသွားပါပြီ။ သေဆုံးသူ 888 ယောက်ရှိပါပြီ။

မနေ့က 2743 ယောက်အသစ်တိုးပါတယ်။ အသစ်တွေ့နှုန်းကနောက်ရက်တွေမှာ 3000 ကျော်လာနိုင်ပါတယ်။

Richard Myo Thant
8-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •