KBZ ကမာရွတ်ဘဏ်ခွဲ (၁) ဝန်ထမ်းတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိပြီး ဘဏ်ကိုယာယီပိတ်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမာရွတ်ဘဏ်ခွဲ ၁ (ဘဏ်ခွဲအမှတ်စဉ်-၀၂၁) ၏ ဝန်ဆောင်မှုအား ခေတ္တယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ကမ္ဘောဇဘဏ်အနေဖြင့် မိမိတို့၏ ဝန်ထမ်းများ၊ မိတ်ဖက်များနဲ့ customerများ၏ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေးကို ထိပ်တန်းဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အလျောက် ကမာရွတ်ဘဏ်ခွဲ (၁) (ဘဏ်ခွဲအမှတ်စဉ်-၀၂၁) အမှတ်-၆၁၅ (၁)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၏ ဝန်ဆောင်မှုအား ခေတ္တယာယီရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ ၂၀၂၀ခုနှစ်တွင် အဆိုပါဘဏ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကမ္ဘောဇဘဏ် ဝန်ထမ်းတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဘဏ်ဝန်ဆောင်မှု ခေတ္တယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ဘဏ်နှင့် ဘဏ်ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ချမှတ်ထားသည့် အသွားအလာကန့်သတ်ထားရှိမှုများနှင့် COVID-19 အတည်ပြုလူနာများ နှင့် ထိတွေ့ဆက်စပ်မှုကို ခြေရာခံနိုင်ရန် Contact Tracing များကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဘဏ်ခွဲဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းထားသည့်ကာလအတွင်း customerများလိုအပ်သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအတွက် ATMများ၊ KBZPay mobile wallet၊ KBZ iBankingနဲ့ mBanking အစရှိသော ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများမှတစ်ဆင့် ဆက်လက် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံရန် မလိုအပ်သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။

ဤဘဏ်ခွဲနှင့် အနီးစပ်ဆုံးဘဏ်ဖြစ်သော ကမာရွတ်ဘဏ်ခွဲ (၂) (ဘဏ်ခွဲအမှတ်စဉ် – ၁၆၀) – အမှတ် ၆၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ သို့သွားရောက်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက်ရယူနိုင်ပါသည်။

Customer များအားလုံးကိုလည်း ကမာရွတ်ဘဏ်ခွဲ (၁) ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည့်အချိန်ကို ကြိုတင်၍ အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •