KBZ ကမာရွတ်ဘဏ်ခွဲ ၁ အား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမာရွတ်ဘဏ်ခွဲ ၁ (ဘဏ်ခွဲအမှတ်စဉ်-၀၂၁) အား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ကမ္ဘောဇဘဏ်အနေဖြင့် မိမိတို့၏ ဝန်ထမ်းများ၊ မိတ်ဖက်များနဲ့ customerများ၏ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေးကို ထိပ်တန်းဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အလျောက် ကမာရွတ်ဘဏ်ခွဲ ၁ (ဘဏ်ခွဲအမှတ်စဉ်-၀၂၁) ၏ ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် ဒီဇင်ဘာလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ ခေတ္တယာယီပိတ်ထားခဲ့ပြီး

ယခုအခါတွင် ပိုးသတ်သန့်စင်ရေးလုပ်ငန်းများအပြင် သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါသဖြင့် ကမာရွတ်ဘဏ်ခွဲ ၁ (ဘဏ်ခွဲအမှတ်စဉ်-၀၂၁) အမှတ်-၆၁၅၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့အား ယနေ့ ၁၇.၁၂.၂၀၂၀ (ကြာဿပတေးနေ့) မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •