KBZ မှ ရခိုင်ပြည်နယ် COVID-19 ကာကွယ်၊ကုသရေး
အတွက် အရေးပေါ် အကူအညီများပေးပို့မည်
KBZ နာယကကြီးဦးအောင်ကိုဝင်းမှ ရခိုင်ပြည်နယ်သို့Covid-19အတွက် ငွေကျပ်၃၀၀သိန်းနှင့် ကာကွယ်ရေးပစ္စည်း၇မျိုးအရေးပေါ်ပေးပို့လှူဒါန်းသွားမယ်လို့သိရပါတယ်။
အရေးပေါ်ပေးပို့မယ့်ပစ္စည်းတွေကတော့ mask အခုရေ ၁သိန်း၊ လက်အိတ် ၃၀၀၀၊ PPE ဝတ်စုံ ၂၀၀၊ သာမိုမီတာ ၁၀၀ ၊ ခေါင်းစွတ် ၂၀၀၀၊ မျက်မှန် ၂၀၀ တို့ဖြစ်ပါတယ်။
၂၃.၈.၂၀၂၀ ရက်နေ့AIR KBZအထူးလေယဉ်ဖြင့် ရန်ကုန် မှ စစ်တွေသို့ပေးပို့ပါမှာဖြစ်ပြီး လေယဉ်ပျံသန်းခွင့် ခွင့်ပြုချက်ရရှိပြီလို့လည်း သိရပါတယ်။