KBZ bank က အောင်မြင့်မိုရ်COVID-19 ကုသရေးစင်တာနှင့် ရိုးမရိပ်သာ Quarantine Center တို့အတွက် ‘ကုတင်၊ မွေ့ယာ၊ အခင်း၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်’ အစုံ (၅၀၀) လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

KBZ bank မှ အောင်မြင့်မိုရ်COVID-19 ကုသရေးစင်တာနှင့် ရိုးမရိပ်သာ Quarantine Center တို့အတွက် ‘ကုတင်၊ မွေ့ယာ၊ အခင်း၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်’ အစုံ (၅၀၀) လှူဒါန်း

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၀ ပြည့်နှစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ယာရှိ COVID-19 ကုသရေးစင်တာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ရိုးမရိပ်သာ Quarantine Center တို့အားသွားရောက်၍ Quarantine Centerရှိ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့သည် KBZ bank မှလှူဒါန်းသော ‘ကုတင်၊ မွေ့ယာ၊ အခင်း၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်’ အစုံ (၅၀၀) တို့အား လက်ခံရယူပေးခဲ့ပြီးနောက် သတင်းဌာနများမှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့်ပတ်သက်သော မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

Photo – Nyinyi Naing(Thonenari Creation)


Spread the love
  •  
  •  
  •  
  •  
  •  
  •