KBZ Bank မှ ရန်ကုန်တိုင်း ကိုဗစ် တိုက်ဖျတ်ရေးတွင် ကူညီနေသူများကို ငွေကြေး နှင့် စားနပ်ရိက္ခာ ကူညီမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

KBZ Bank မှ ရန်ကုန်တိုင်း ကိုဗစ် တိုက်ဖျတ်ရေးတွင် ကူညီနေသူများကို ငွေကြေး နှင့် စားနပ်ရိက္ခာ ကူညီမည်
*********************

ရန်ကုန်အတိုင်းဒေသကြီးအတွင်း ၌ ကြုံတွေ့နေရသော ကိုဗစ်နိုင်တီး ကပ်ရောဂါ ကျရောက်မူတွင် မိမိကိုယ်ကျိူးကို မကြည့် ၊အများအတွက်စေတနာဖြင့် ကူညီစောင့်ရှောက်နေသော ကျန်းမာရေးဝန်ထမ်းများ နှင့် ဗော်လန်တီယာ များအတွက် အဓိက ရည်ရွယ်ပြီး KBZ Bank မှ ကနဦးလှူဒါန်းခြင်း အတွက် (KBZ Bank/ KBZ Group) နာယကကြီးမှဦးဆောင်၍ ကူညီမူများကို ပြုလုပ်သွားရန်ပြင်ဆင်နေကြောင်းသိရသည် ။

“အခုလှူဒါန်းမူကတော့ KBZ BANKက အဓီကဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကွာရန်တင်းဝင်နေသူတွေ ဗော်လန်တီယာတွေ ၊ကျမ်းမားရေးဝန်းထမ်းများအတွက် ph bill ကျပ်သိန်း၅၀၀ကိုပေးအပ်လှူဒါန်းတာပါ ၊ ဒီလိုလှူရတာကလည်း ကွာရန်တင်းဝင်နေသူတွေ စိတ်ဓာတ်မြှင့်တင်ရေးအတွက်ကို လုပ်ဆောင်တဲ့အနေနဲ့ လှူတာပါ ၊ယနေ့ည19.9.2020မှစတင်ပြီး ကျွန်တော် မောင်မောင်အေးစီစဉ်တဲ့ We Love Ygnအဖွဲ့ကနေ လိုက်လံဖျော်ဖြေပြီး မေးခွန်းဖြေကြားရသောဂိမ်းတွေ လုပ်မယ် အဖြေမှန်သူများကိုph billများချီးမြှင့်မှာပါ ။ဗော်လန်တီယာများ ကျမ်းမားရေးလုပ်သားများကိုလည်းph billများချီးမြှင်မူကို KBZ Payမှတဆင့်ပေးပို့သွားမှာပါ “ဟု We Love Yangon မှ ကိုမောင်မောင်ကပြောသည် ။

အဆိုပါ ထောက်ပံကူညီမူအစီအစဉ်တွင် လက်ရှိရန်ကုန်တိုင်ူအတွင်း ၌ ထားရှိသောQuarantine Center များအတွက် (ကုတင်၊မွေ့ယာ၊ခေါင်းအုံး၊အိပ်ယာခင်း၊စောင်) အစုံ(၁၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်မြို့ရှိဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသောကျန်းမာရေး ဝန်ထမ်းများ စေတနာ့ဝန်ထမ်း နှင့် ပိုးတွေ့ရှိလူနာများအတွက် ငွေ(ဆေးရုံရှိတာဝန်ရှိသူများမှညှိုနှိုင်းအသုံးပြုခွင့်)၊ဆန်၊ဆီ၊အာလူး၊ငါးခြောက်၊ဆား၊ဂေါ်ဖီထုပ်၊ ဖရုံသီး ၊ eggs စည်များကိုထောက်ပံ့ခြင်းများပြုလုပ်မည်ဖြစ်ပြီး ၊ ပမာဏကို ထပ်မံအသိပေးသွားမည်ဖြစ်ကာ ၊ အဓိက နေရာများဖြစ်သော၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊COVID19 ကုသရေးဌာန(ဖောင်ကြီး)၊ဝေဘာဂီအထူးကုဆေးရုံကြီး၊တောင်ဥက္ကလာပအထူးကုဆေးရုံကြီး၊မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီး (ပိုးတွေ့လူနာဌာန)၊COVID-19ကုသရေးဆေးရုံ နှင့် center များ ကို လှူဒါန်းသွားမည်ဟုသိရသည် ။

အဆိုပါ လှူဒါန်းမူတွင် KBZ Bank နှင့် အတူ ပူးပေါင်းပါဝင်မည့်အဖွဲ့အစည်းများမှာ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ၊We Love Yangonအဖွဲ့ ၊ရန်ကုန်တိုင်း အစိုးရအဖွဲ့၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တို့ဖြစ်ကြပြီး ၊ နိုင်ငံတကာမှ ကာကွယ်ဆေးများတရားဝင်ထုတ်လုပ်ရောင်းချခွင့်ရရှိသည့်အချိန်တွင် လည်း Government to Government ရရှိမှုလုံလောက်မှုမရှိပါက ဝယ်ယူလှူဒါန်း၍ဒါနကုသိုလ်ပြုမည်ဖြစ်ပါကြောင်းသိရသည် ။


Spread the love
  •  
  •  
  •  
  •  
  •  
  •