KBZPayရဲ့ ၂နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဖြစ်အောင်မြင့်မိုရ် Quarantine Center ကို သိန်း၄၅၀ လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒီနေ့ဟာ KBZPayရဲ့ ၂နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

KBZPayမွေးနေ့အလှူအဖြစ် အသစ်ထပ်မံ တိုးချဲ့ထားတဲ့ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အောင်မြင့်မိုရ် Quarantine Center မှာ High-Dependency Units (HDU) ထည့်သွင်း အကောင်အထည်ဖော်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ပေါင်းစပ်၊ ညှိနှိုင်းရေးအဖွဲ့၊ ဒုဥက္ကဌ (၁) ဖြစ်တဲ့ Prof Dr. ဇော်ဝေစိုးထံ ငွေကျပ် သိန်း (၄၅၀) ပေးအပ် လှူဒါန်းဖြစ်ခဲ့ပါတယ်။

မူလက KBZPay မွေးနေ့အတွက် ဂုဏ်ပြုပွဲများ ကျင်းပဖို့ လျာထားခဲ့ပေမယ့်၊ ယခုလို ရန်ကုန်မြို့မှာ Covid-19 လူနာများ တစ်နေ့ထက်တစ်နေ့ တိုးပွားလာချိန်၊ မူလလျာထားတဲ့ ရန်ပုံငွေများကို နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံပြန့်ရေး လုပ်ဆောင်ချက်များ ထိရောက်စွာလုပ်ဆောင်နိုင်ဖို့အတွက်၊ ကမ္ဘောဇဘဏ် Social Purpose and Impact Partnership Committee (SPIP) ရဲ့ ထောက်ခံချက်နဲ့အတူ ယခုလို ပေးလှူဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

KBZPay အသုံးပြုသူတိုင်း စိတ်ကျေနပ်မှုရစေမယ့် ဝန်ဆောင်မှုမျိုးပေးသွားနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍကို အဓိက မောင်းနှင်နေတဲ့ အင်အားတစ်ခုအဖြစ် အသုံးချနိုင်အောင် တိုးချဲ့ ဆောင်ရွက်သွားမယ်ဆိုတာကို KBZPay ၂နှစ်ပြည့် မွေးနေ့မှာ အလေးထား ပြောကြားလိုပါတယ်။

တန်ဖိုးထားရတဲ့ ဝန်ထမ်းများ၊ customer များ၊ agent နှင့် merchant များ၊ partnerများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

💙


Spread the love
  •  
  •  
  •  
  •  
  •  
  •