KTV/Bar၊ အနှိပ်ခန်း ၊ပြည့်တန်ဆာခန်းများကို ပိတ်စိပ်တိုက်ရှာဖမ်းဆီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်အတိုင်ပင်ခံနှင့်ပြည်ထဲရေးဒုဝန်ကြီးတို့ ပြောဆိုဆွေးနွေးအပြီးရဲက KTV/Bar၊အနှိပ်ခန်း ၊ပြည့်တန်ဆာခန်းများကို ပိတ်စိပ်တိုက်ရှာဖမ်းဆီး
————————
၂ရက်အတွင်း KTV/ Bar/ အနှိပ်ခန်းနှင့် ပြည့်တန်
ဆာလုပ်ငန်း ၂၀ ခု၊ တရားခံ ၂၀၅ ဦး ဖမ်းမိခဲ့
—————————–
နေပြည်တော်၊စက်တင်ဘာ ၅ရက်

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသော KTV/ Bar/ အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်ခြင်းမပြုရန်ညွှန်ကြားချက်အား ဖောက်ဖျက်ခဲ့ကြသည့် ၂၀၅ဦးကို သက်ဆိုင်ရာ မြို့နယ်အသီးသီးက ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားပြီး တရားစွဲဆိုလိုက်ပြီဟုသိရသည်။

 

အဆိုပါ ၂၀၅ဦးထဲတွင် ဆိုင်ရှင်၊ဆိုင်လုပ်သား၊အကူသီဆိုသူ၊လာရောက်သူများပါပါသညါဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။

လက်ရှိတွင် စီမံချက်ချပြီး စက်တင်ဘာလ ၂ ရက် ၃ ရက်ညများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးဖော်ထုတ်ခြင်းများပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင် ၁ ဆိုင်၊ ပြည့်တန်ဆာအိမ် ၂ အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးအားလည်းကောင်း၊

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦးအားလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၁၆ ဦးအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ ဦးအား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးအား လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင် ၁ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ KTV/Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများ၊ ဧည့်သည်နှင့် အကူ သီဆိုသူ စုစုပေါင်း ၅၂ ဦးအားလည်းကောင်း၊

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ် မြို့တို့ရှိ KTV/Bar ဆိုင် ၄ ဆိုင်မှ ပိုင်ရှင်၊ မန်နေဂျာ၊ အကူသီဆိုသူနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၃၆ ဦးအားလည်းကောင်း၊ စုစုပေါင်း တိုင်းဒေသကြီး/ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV/Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။

ကိုမင်း/Myanmar Harp
ဓါတ်ပုံ-ရဲတပ်ဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •