LNG to Power လျှပ်စစ်ဓာတ်အားထုတ် စီမံကိန်းများအတွက် မြန်မာနိုင်ငံသို့ LNG သင်္ဘောရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

LNG to Power စီမံကိန်းများအတွက် မြန်မာနိုင်ငံသို့ LNG သင်္ဘောရောက်ရှိလာမှုနှင့်အဆိုပါစီမံကိန်းများမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Liquefied Natural Gas (LNG) ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ မကြာမီကာလတွင် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တော့မှာဖြစ် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံတွင်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံဝန်းအတွင်းမြေလွတ်ပေါ်တွင် (၃၅၆ မဂ္ဂါဝပ်) LNG သုံးဓာတ်အားပေးစက်ရုံကို TTCL Public Company Limited ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်ပါတယ်။ဓာတ်အားပေးစက်ရုံတွင် သုံးစွဲ မည့် LNG ကို Floating Storage Regasification Unit ဖြင့် ရန်ကုန်မြစ်ဝ သံလျင်တွင်ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့်သွယ်တန်းရန် စီစဉ်ထားပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံမှာ Gas Turbine(၂)လုံး(၁၁၇ မဂ္ဂါဝပ်) နှင့် Steam Turbine (၁)လုံး (၁၂၂ မဂ္ဂါဝပ်) အမျိုးအစား ဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားကို ၂၃၀ ကေဗွီ လှိုင်သာယာ-အလုံ ဓာတ်အားလိုင်းဖြင့် ဓာတ်အား စနစ်အတွင်းသို့ ဖြန့်ဖြူးသွားမည် ဖြစ်ပါ တယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၃၂၁)သန်း ဖြစ်ပါ တယ်။

Source – MEE Myanmar

 





Spread the love
  •  
  •  
  •  
  •  
  •  
  •