March 24 ရက် COVID-19 သတင်းစုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံအလိုက်စာရင်းတွေကို နောက်ဆုံးမှာ ဖတ်ပါခင်ဗျား။

🇲🇲 #မြန်မာနိုင်ငံမှာ COVID-19 လူနာ 2 ယောက် စတွေ့ပါပြီ။ ကျနော်မနက်တိုင်း နိုင်ငံအလိုက် အရေအတွက်ကို တင်နေရာမှာ သတိထားမိတာက….

နိုင်ငံတော်တော်များများမှာ စတွေ့ရင် 1 ယောက်၊ 2 ယောက်နဲ့ စတတ်ပါတယ်။ တပတ်အတွင်းမှာ 2 digit ဆယ်ဂဏန်းကို တက်သွားလေ့ရှိပါတယ်။

👉 အဲ့ဒီအချိန်ဟာ အလွန်အမင်းအရေးကြီးတဲ့ အချိန်ဖြစ်ပြီး စတွေ့တဲ့သူနဲ့ ထိတွေ့ခဲ့သမျှကို contact tracing လိုက်ပြီး အကုန် (1 ယောက်မျှမကျန်အောင်) စောင့်ကြည့် quarantine လုပ်ကို လုပ်ရပါတယ်။

👉 လိမ်သူ၊ စောင့်ကြည့်ခွဲထားရာကနေ ဖောက်ဖျက်အပြင်ထွက်သူကို ဒဏ်ငွေ၊ ထောင်ဒဏ်ကြီးကြီး တပ်ရပါတယ်။

ဗီယက်နမ်မှာဆိုရင် စတွေ့သူ 10 ယောက်မပြည့်ခင် ရွာလုံးကျွတ် lockdown ပိတ်ချလိုက်ပါတယ်။

♦️ တချို့နိုင်ငံတွေဟာ 10 ဂဏန်းမှာ 1 ပတ်ကနေ 2 ပတ်လောက်ကြာပါတယ်။ အဲ့ဒီမှာ ထိန်းနိုင်ဖို့လိုပါတယ်။

♦️အရှေ့တောင်အာရှနိုင်ငံတွေက ရာဂဏန်းကို 1 လ လောက်မှာကူးပါတယ်။ မလေးရှားဆိုရင် ဘာသာရေးပွဲကနေ ထောင်ဂဏန်း အဖြစ်ခုန်တက်သွားတာမို့ ပွဲအားလုံးပိတ်လိုက်စေချင်ပါတယ်။

👉 ကျနော်သတင်းနေ့စဉ်တင်စဉ်မှာ သတိထားမိတာတစ်ခုက ဥရောပနဲ့ အမေရိကက အဝင်ဟာ ကမ္ဘာ့နိုင်ငံအကုန်နီးပါးကို ပြန့်သွားရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

♦️ လွန်ခဲ့တဲ့ 10 ရက်ကျော်က မြန်မာမှာ 2 ပတ်တွင်းတွေ့ပါလိမ့်မယ်ပြောခဲ့တာက နိုင်ငံစုံမှာ #စတွေ့ရာအကြောင်းရင်းစုံကို ကြည့်ပြီး မှန်းခဲ့တာပါ။

♦️အခုသတိပေးပါရစေ။

🔥 ထိုင်းမှာ 3 ditgit ရာဂဏန်းကနေ တပတ်အတွင်းမှာ 4 digit ထောင်ဂဏန်းကို ကူးပါလိမ့်မယ်လို့ မှန်းပါတယ်။

🔥 ထိုင်းကနေ 2 ရက်အတွင်း ပြန်ဝင်လာတဲ့ 10000 ကျော်ကို အကုန်ဝင်ခဲ့တုန်းက ရက်ကွက်တွေမှာ တကယ်ရှိမရှိ ရာအိမ်မှုးတွေနဲ့ ချိတ်ဆက်ပြီး လိုက်ကြပါခင်ဗျား။

👉 အရှေ့တောင်အာရှဟာ ဒီရက်မှာ အရှိန်နဲ့ ခုန်တက်စပြုနေပြီမို့ ကျပ်ကျပ်မတ်မတ်ကို အားလုံးက တာဝန်သိသိနဲ့ ကိုင်တွယ်ဖို့ လိုနေပါပြီ။

ကျန်သတင်း ဆက်ပါရစေ။

▪️မြန်မာမှာ သင်္ကန်းကျွန်းမှာ တွေ့တဲ့ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံ 100 ကျော်ကို quarantine လုပ်ထားတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ယူနန်ပြည်နယ်က March 12 နဲ့ 20 ကြားမှာ စီးပွားရေးလုပ်ဖို့ ဝင်လာတယ်လို့ဆိုပါတယ်။

အာစီယံဒေသအတွင်းအခြေအနေ
————————
🇸🇬 စင်ကာပူမှာ ရောဂါရှိသူအသစ် 54 ယောက်တွေ့ခဲ့ပါတယ်။ တွေ့ရှိတဲ့အထဲမှာ #မြန်မာနိုင်ငံသား အလုပ်ပါမစ်ကိုင် တစ်ယောက်ပါပါတယ်။

54 ယောက်ထဲက 48 ယောက်က ပြည်ပကအဝင် ကူးစက်မှုပါ။ ဒါကြောင့်စင်ကာပူက အဝင်ကိုထပ်တင်းကျပ်လိုက်ပါတယ်။

♦️ စင်ကာပူမှာ COVID-19 ဖြစ်လို့ ဆေးရုံတင်ထားသူတွေထဲက အခြေအနေကောင်းသူတွေကို ပုဂ္ဂလိကဆေးရုံတွေကို ရွှေ့မယ်လို့ ဆိုပါတယ်။

စင်ကာပူအစိုးရက ဒီထက်အများကြီး ပိုပြီးကူးစက်မှု တွေ့နိုင်တာကို မှန်းပြီး ကြိုတင်ပြင်ဆင်နေပုံ ရပါတယ်။

စင်ကာပူရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးက COVID-19 နဲ့ပတ်သက်ပြီး ပါလီမန်မှာ ကြာသပတေးနေ့မှာ ရှင်းပြပါလိမ့်မယ်။
ပြီ။

🇮🇩 အင်ဒိုနီးရှားမှာ အသစ် 64 ယောက်တွေ့ပြီး နောက်ထပ် 10 ယောက် သေဆုံးခဲ့ပါတယ်။ တွေ့ရှိသူလည်း 500 ကျော်သွားပါပြီ။

🇲🇾 မလေးရှားမှာ တွေ့ရှိသူ 1518 အထိ ခုန်တက်နေပြီး အသစ် 212 ယောက်ထပ်တွေ့ကာ သေဆုံးသူ 14 ယောက်ရှိပါပြီ။

အသစ်တွေ့တဲ့ 212 ယောက်ထဲက ထက်ဝက်​ကျော်က ဗလီကဘာသာရေးပွဲနဲ့ ဆက်နွယ်ပြီး ကူးသူတွေပါ။ ဒီဘာသာရေးပွဲနဲ့ ကူးစက်မှုမီးက ငြိမ်းဖို့မလွယ်သေးဘူးထင်ပါတယ်။

မလေးရှားဟာ တရုတ်ကနေ 😷 mask 10 သန်းကျော်ရရှိမှာဖြစ်ပြီး အလကားဝေမယ်လို့ဆိုပါတယ်။

ကျန်အာရှနိုင်ငံများ အခြေအနေ
—————————–
🇨🇳 တရုတ်က အသစ်ထပ်မတွေ့တော့ ဘူးဆိုပေမယ့် ပြည်ပကအပြန်ဝင်လာတဲ့ case အသစ်တွေကို အရေးပေါ် ကိုင်တွယ်နေရပါတယ်။

🇹🇼 ထိုင်ဝမ်မှာ 14 ရက် quantine ကိုမလိုက်နာပဲ ကလပ်သွားကဲခဲ့တဲ့လူတစ်ယောက်ကို ထိုင်ဝမ်ငွေ တစ်သန်း မြန်မာငွေ သိန်း 460 လောက် မှတ်လောက်အောင် ဒဏ်ငွေချလိုက်ပါတယ်။

🇹🇷 တူရကီက 😷 ထုတ်တဲ့စက်ရုံတွေကို အစိုးရကို တနင်္လာနေ့ညအထိမှာမှ 😷 mask မရောင်းရင် စက်ရုံကို ပြည်သူပိုင်သိမ်းမယ်လို့ ပြည်ထဲရေးဝန်ကြီးက ကြေငြာလိုက်ပါတယ်။

🇪🇬 အီဂျစ်မှာ ပိုးသန့်စင်ရေးလုပ်နေတဲ့ စစ်တပ်က ဗိုလ်မှုးချုပ်တစ်ယောက် ကိုရိုနာနဲ့ သေဆုံးသွားပါတယ်။

ဥရောပနိုင်ငံများအခြေအနေ
————————-
🔥 ဥရောပမှာ အလွန်အခြေအနေဆိုးဝါးနေဆဲဖြစ်တာမို့ အထူးအထွေမတင်ပြတော့ပါ။

အမေရိကန်အခြေအနေ
———————
🇺🇸 အမေရိကန်မှာ အသစ် 10152 ယောက်ကူးစက်ခဲ့ပြီး သေဆုံးသူအသစ် 133 ယောက်ရှိခဲ့ပါတယ်။ အမေရိကန်က ကမ္ဘာမှာ ရောဂါဖြစ်မှုမှာ တရုတ်နဲ့ အီတလီ ပြီးရင် တတိယအများဆုံးနိုင်ငံ ဖြစ်သွားပါတယ်။

#ကမ္ဘာ့နိုင်ငံပေါင်း 195 နိုင်ငံ မှာတွေ့ရှိသူ သုံးသိန်းရှစ်သောင်းနီးပါးရှိသွားပါပြီ။

🌏 ကမ္ဘာမှာ 197 နိုင်ငံရှိတယ် လို့ လက်ခံထားကြတယ်။ (ကုလသမဂ္ဂဝင် 193 နိုင်ငံ+ စောင့်ကြည့် 2 နိုင်ငံ + တိုင်ဝမ် + ကိုဆိုဗို)၊ ထို့အပြင် ကျွန်းလေးတွေလည်း ကျန်သေးတယ်။

March 24 ရက်နေ့ ယနေ့မနက်သိရသမျှ COVID-19 အခြေအနေ ကိုဆက်ပါမယ်။

🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 378741 ယောက်၊ သေသူ 16496 ယောက်။ ပြန်ကောင်းသူ 101608 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 5% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 118104 မှာ 101608 ပြန်ကောင်းပြီး 16496 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 14% ရှိနေပါတယ်။

👉 အခုချိန်အထိ မွေးစမှ 9 နှစ်အရွယ်အထိ ကလေးများတွင် လုံးဝ သေနှုန်းမရှိပါ။

👉 မိန်းမထက် ယောက်ျားတွေမှာ ပိုအဖြစ်များပြီး ယောက်ျားတွေမှာ သေနှုန်းပိုမြင့်ပါတယ်။

🇨🇳 တရုတ်မှာ တွေ့သူ 81093, သေသူ 3270 ယောက်၊

🔥 🇮🇹 အီတလီ တွေ့သူ 63927, သေသူ 6077,
♦️ မနေ့က 4789 အသစ်တွေ့။

🔥 🇺🇸 အမေရိကန် တွေ့သူ 43718, သေသူ 546,
10152 အသစ်တွေ့။

🔥 🇪🇸 စပိန် တွေ့သူ 35136, သေသူ 2311,
6368 အသစ်တွေ့။

🔥 🇩🇪 ဂျာမနီ တွေ့သူ 29056, သေသူ 123,
4183 အသစ်တွေ့။

🔥 🇮🇷 အီရန် တွေ့သူ 23049, သေသူ 1812,
1411 ထပ်တွေ့ပါတယ်။

🔥 🇫🇷 ပြင်သစ် တွေ့သူ 19856, သေသူ 860,
3838 အသစ်တွေ့။

🇰🇷 တောင်ကိုရီးယား တွေ့သူ 8961, သေသူ 111,
မနက်သတင်းအပြီးမှာ update တင်ပေးပါမယ်။

🇨🇭ဆွစ်စလန် တွေ့သူ 8795, သေသူ 120,

🇬🇧 အင်္ဂလန် တွေ့သူ 6650, သေသူ 335,

🇳🇱 နယ်သာလန် တွေ့သူ 4749, သေသူ 213,

🇦🇹 အော်စတြီးယား တွေ့သူ 4474, သေသူ 21,

🇧🇪 ဘယ်ဂျီယံ တွေ့သူ 3743, သေသူ 88,

🇳🇴 နော်ဝေ တွေ့သူ 2621, သေသူ 10,

🇨🇦 ကနေဒါ တွေ့သူ 2091, သေသူ 24,

🇵🇹 ပေါ်တူကီ တွေ့သူ 2060, သေသူ 23,

🇸🇪 ဆွီဒင် တွေ့သူ 2046, သေသူ 25,

🇧🇷 ဘရာဇီး တွေ့သူ 1924, သေသူ 34,

🇦🇺 ဩစတေးလျ တွေ့သူ 1887, သေသူ 7,

🇹🇷 တူရကီ တွေ့သူ 1529 သေသူ 37,

🇲🇾 မလေးရှား တွေ့သူ 1518, သေသူ 14,

🇩🇰 ဒန်းမတ် တွေ့သူ 1450, သေသူ 24,

🇮🇱 အစ္စရေး တွေ့သူ 1442, သေသူ 1,

🇨🇿 ချက် တွေ့သူ 1236, သေသူ 1,

🇯🇵 ဂျပန် တွေ့သူ 1128, သေသူ 42,

🇮🇪 အိုင်ယာလန် တွေ့သူ 1125, သေသူ 6,

🇪🇨 အီကွေဒေါ တွေ့သူ 981, သေသူ 18,

🇱🇺 လူဇင်ဘတ် တွေ့သူ 875 သေသူ 8,

🇵🇰 ပါကစ္စတန် တွေ့သူ 875 သေသူ 6,

🇵🇱 ပိုလန် တွေ့သူ 749 သေသူ 8,

🇨🇱 ချီလီ တွေ့သူ 746 သေသူ 2,

🇹🇭 ထိုင်း တွေ့သူ 721, သေသူ 1,

⛴️ Diamon Princess သင်္ဘော တွေ့သူ 712, သေသူ 8,

🇫🇮 ဖင်လန် တွေ့သူ 700 သေသူ 1,

🇬🇷 ဂရိ တွေ့သူ 695, သေသူ 17,

🇮🇸 အိုက်စလန် တွေ့သူ 588 သေသူ 1,

🇮🇩 အင်ဒိုနီးရှား တွေ့သူ 579 သေသူ 49,

🇷🇴 ရိုမေးနီးယား တွေ့သူ 576, သေသူ 7,

🇸🇦 ဆော်ဒီ တွေ့သူ 562, သေသူ 0,

🇸🇬 စင်ကာပူ တွေ့သူ 509, သေသူ 2,

🇶🇦 ကာတာ တွေ့သူ 501, သေသူ 0,

🇮🇳 အိန္ဒိယ တွေ့သူ 499, သေသူ 10,

🇵🇭 ဖိလစ်ပိုင် တွေ့သူ 462, သေသူ 33,

🇸🇮 စလိုဗန်းနီးယား တွေ့သူ 442, သေသူ 3,

🇷🇺 ရုရှား တွေ့သူ 438, သေသူ 1,

🇿🇦 တောင်အာဖရိက တွေ့သူ 402, သေသူ 0,

🇵🇪 ပီရူး တွေ့သူ 395, သေသူ 5,

🇧🇭 ဘာရိန်း တွေ့သူ 377, သေသူ 2,

🇪🇬 အီဂျစ် တွေ့သူ 366, သေသူ 19,

🇭🇰 ဟောင်ကောင် တွေ့သူ 356, သေသူ 4,

🇪🇪 အက်စတိုးနီးယား တွေ့သူ 352, သေသူ 0,

🇵🇦 ပနားမား တွေ့သူ 345, သေသူ 6,

🇲🇽 မက္ကဆီကို တွေ့သူ 316, သေသူ 3,

🇭🇷 ခရိုအေးရှား တွေ့သူ 315, သေသူ 1,

🇦🇷 အာဂျင်တီးနား တွေ့သူ 301, သေသူ 4,

🇨🇴 ကိုလံဘီယာ တွေ့သူ 277, သေသူ 3,

🇱🇧 လက်ဘနွန် တွေ့သူ 267, သေသူ 4,

🇮🇶 အီရတ် တွေ့သူ 266, သေသူ 23,

🇷🇸 ဆားဗီးယား တွေ့သူ 249, သေသူ 3,

🇩🇴 ဒိုမေနီကန်ရီပတ်ဘလစ် တွေ့သူ 245, သေသူ 3,

🇦🇲 အာမေးနီးယား တွေ့သူ 235, သေသူ 0,

🇩🇿 အယ်ဂျီးရီးယား တွေ့သူ 230, သေသူ 17,

🇧🇬 ဘူဂေးရီးယား တွေ့သူ 201, သေသူ 3,

🇦🇪 ယူအေအီး တွေ့သူ 198, သေသူ 2,

🇹🇼 ထိုင်ဝမ် တွေ့သူ 195, သေသူ 2,

🇰🇼 ကူဝိတ် တွေ့သူ 189, သေသူ 0,

🇸🇲 စန်မာရီနို တွေ့သူ 187, သေသူ 20,

🇸🇰 စလိုဗက် တွေ့သူ 186, သေသူ 0,

🇱🇻 လတ်ဗီးယား တွေ့သူ 180, သေသူ 0,

🇱🇹 လစ်သူရေးနီးယား တွေ့သူ 179,သေသူ 1,

🇭🇺 ဟန်ဂေရီ တွေ့သူ 167, သေသူ 7,

🇺🇾 ယူရဂွေး တွေ့သူ 162, သေသူ 0,

🇨🇷 ကော်စတရီကာ တွေ့သူ 158, သေသူ 2,

🇲🇦 မော်ရိုကို တွေ့သူ 143, သေသူ 4,

🇲🇰 မြောက်မက်ဆီဒိုးနီးယား တွေ့သူ 136, သေသူ 1,

🇧🇦 ဘောစနီးယား တွေ့သူ 136, သေသူ 1,

🇦🇩 အန်ဒိုရာ တွေ့သူ 133, သေသူ 0,

🇯🇴 ဂျော်ဒန် တွေ့သူ 127, သေသူ 0,

🇻🇳 ဗီယက်နမ် တွေ့သူ 123, သေသူ 0,

🇫🇴 ဖရိုးကျွန်းစု တွေ့သူ 118, သေသူ 0,

🇨🇾 ဆိုက်ပရပ်စ် တွေ့သူ 116, သေသူ 1,

🇲🇩 မော်ဒိုဗာ တွေ့သူ 109, သေသူ 1,

🇲🇹 မော်တာ တွေ့သူ 107, သေသူ 0,

🇦🇱 အယ်ဘေးနီးယား တွေ့သူ 104, သေသူ 4,

🇳🇿 နယူးဇီလန် တွေ့သူ 102, သေသူ 0,

🇧🇫 ဘာကီနာဖက်စကို တွေ့သူ 99, သေသူ
4,

🇱🇰 သီရိလင်္ကာ တွေ့သူ 97, သေသူ 0,

🇧🇳 ဘရူနိုင်း တွေ့သူ 91, သေသူ 0,

🇹🇳 တူနီးရှား တွေ့သူ 89, သေသူ 3,

🇰🇭 ကမ်ဘောဒီးယား တွေ့သူ 87, သေသူ 0,

🇧🇾 ဘောလားရပ်စ် တွေ့သူ 81, သေသူ 0,

🇸🇳 ဆီနီဂေါ တွေ့သူ 79, သေသူ 0,

🇻🇪 ဗနီဇွဲလား တွေ့သူ 77, သေသူ 0,

🇺🇦 ယူကရိန်း တွေ့သူ 73, သေသူ 3,

🇦🇿 အဇာဘိုင်ဂျန် တွေ့သူ 72, သေသူ 1,

🏝️ လာရီယူနီယံ တွေ့သူ 71, သေသူ 0,

🇴🇲 အိုမန် တွေ့သူ 66, သေသူ 0,

🇬🇵 ဂွာဒီလုပ် တွေ့သူ 62, သေသူ 1,

🇰🇿 ကာဇက်စ္စတန် တွေ့သူ 62, သေသူ 0,

🇬🇪 ဂျော်ဂျီယာ တွေ့သူ 61, သေသူ 0,

🇵🇸 ပါလက်စတိုင်း တွေ့သူ 59, သေသူ 0,

🇨🇲 ကင်မရွန်း တွေ့သူ 56, သေသူ 0,

🇲🇶 မာတင်နစ် တွေ့သူ 53, သေသူ 1,

🇱🇮 လစ်ချ်တန်စတိန်း တွေ့သူ 51, သေသူ
0,

🇹🇹 ထရီနီဒတ် တွေ့သူ 51, သေသူ 0,

🇺🇿 အူဘက်ကစ္စတန် တွေ့သူ 46, သေသူ 0,

🇦🇫 အာဖကန်နစ္စတန် တွေ့သူ 40, သေသူ 0,

🇨🇺 ကျုးဘား တွေ့သူ 40, သေသူ 1,

🇳🇬 နိုင်ဂျီးရီးယား တွေ့သူ 40, သေသူ 0,

🇲🇺 မော်ရစ်ရှပ် တွေ့သူ 36, သေသူ 2,

🇨🇩 ဒီအာစီ တွေ့သူ 36, သေသူ 1,

🏔️ ချနယ်ကျွန်းစု တွေ့သူ 36, သေသူ 0,

🇷🇼 ရဝမ်ဒါ တွေ့သူ 36, သေသူ 0,

🇧🇩 ဘင်္ဂလားဒေ့ရှ် တွေ့သူ 33, သေသူ 2,

🇵🇷 ပေါ်တိုရီကို တွေ့သူ 31, သေသူ 0,

🇭🇳 ဟွန်းဒူးရပ်စ် တွေ့သူ 30, သေသူ 0,

🇬🇺 ဂူအမ် တွေ့သူ 29, သေသူ 0,

🇬🇭 ဂါနာ တွေ့သူ 27, သေသူ 2,

🇲🇪 မွန်တီနီဂရိုး တွေ့သူ 27, သေသူ 0,

🇧🇴 ဘူလီးဗီးယား တွေ့သူ 27, သေသူ 0,

🇲🇴 မကာအို တွေ့သူ 25, သေသူ 0,

🇨🇮 အိုင်ဗရီကို့စ် တွေ့သူ 25, သေသူ 0,

🇾🇹 မယိုးတီး တွေ့သူ 24, သေသူ 0,

🇲🇨 မော်နာကို တွေ့သူ 23, သေသူ 0,

🇵🇾 ပါရာဂွေး တွေ့သူ 22, သေသူ 1,

🇬🇹 ဂွာတီမာလာ တွေ့သူ 20, သေသူ 1,

🇬🇾 ဂူရာနာ တွေ့သူ 20 သေသူ 1,

🇬🇫 ပြင်သစ်ဂွေ့အာနာ တွေ့သူ 20, သေသူ 0,

🇯🇲 ဂျမေးကား တွေ့သူ 19, သေသူ 1,

🇵🇫 ပိုလီနီးရှား တွေ့သူ 18, သေသူ 0,

🇹🇬 တိုဂို တွေ့သူ 18, သေသူ 0,

🇧🇧 ဘာဘဒို့စ် တွေ့သူ 17, သေသူ 0,

🇻🇮 ဗာဂျင်အိုက်လန် တွေ့သူ 17, သေသူ 0,

🇰🇪 ကင်ညာ တွေ့သူ 16, သေသူ 0,

🇰🇬 ကာဂါစတန် တွေ့သူ 16, သေသူ 0,

🇬🇮 ဂျီဘရာတာ တွေ့သူ 15, သေသူ 0,

🇮🇲 အိုင်အော့မန်း တွေ့သူ 13, သေသူ 0,

🇲🇻 မော်ဒစ်ကျွန်းစု တွေ့သူ 13, သေသူ 0,

🇲🇬 မဒါဂက်စကာ တွေ့သူ 12, သေသူ 0,

🇹🇿 တန်ဇန်နီးယား တွေ့သူ 12, သေသူ 0,

🇪🇹 အီသီယိုးပီးယား တွေ့သူ 11, သေသူ 0,

🇲🇳 မွန်ဂိုလီးယား တွေ့သူ 10, သေသူ 0,

🇦🇼 အာရူဘာ တွေ့သူ 9, သေသူ 0,

🇬🇶 အီကွေတိုးရဲဂီနာ တွေ့သူ 9, သေသူ 0,

🇺🇬 ယူဂန်ဒါ တွေ့သူ 9, သေသူ 0,

🇳🇨 နယူးကလီဒိုးနီးယား တွေ့သူ 8, သေသူ 0,

🏝️ စိန့်မာတင်ကျွန်း တွေ့သူ 8, သေသူ 0,

🇸🇨 ဆီချီလီးစ် တွေ့သူ 7, သေသူ 0,

🇧🇲 ဘာမြူဒါ တွေ့သူ 6, သေသူ 0,

🇭🇹 ဟေတီ တွေ့သူ 6, သေသူ 0,

🇰🇾 ကေးမန်းကျွန်း တွေ့သူ 5, သေသူ 1,

🇬🇦 ဂဘွန် တွေ့သူ 5, သေသူ 1,

🇧🇯 ဘီနင်း တွေ့သူ 5, သေသူ 0,

🇸🇷 ဆူရီနာမီ တွေ့သူ 5, သေသူ 0,

🇨🇼 ကူရာကောင် တွေ့သူ 4, သေသူ 1,

🇧🇸 ဘဟားမား တွေ့သူ 4, သေသူ 0,

🇨🇬 ကွန်ဂို တွေ့သူ 4, သေသူ 0,

🇬🇱 ဂရင်းလန် တွေ့သူ 4, သေသူ 0,

🇬🇳 ဂီနီယာ တွေ့သူ 4, သေသူ 0,

🇳🇦 နမီးဘီးယား တွေ့သူ 4,, သေသူ 0,

🇸🇿 အက်စ်ဆွာတီနီ တွေ့သူ 4, သေသူ 0,

🇿🇼 ဇင်ဘာဘွေ တွေ့သူ 3, သေသူ 0,

🇦🇴 အန်ဂိုလာ တွေ့သူ 2, သေသူ 0,

🇦🇬 အန်တီဂွာဘာဘူဒါ တွေ့သူ 1, သေသူ 0,

🇨🇻 ကိပ်ဗာဒဲ တွေ့သူ 3, သေသူ 0,

🇨🇫 စီအေအာ တွေ့သူ 3, သေသူ 0,

🇩🇯 ဒဂျီဘိုတီ တွေ့သူ 3,, သေသူ 0,

🇸🇻 အယ်ဆဗဒေါ တွေ့သူ 3, သေသူ 0,

🇫🇯 ဖီဂျီကျွန်း တွေ့သူ 3,, သေသူ 0,

🇱🇷 လိုင်ဘေးရီးယား တွေ့သူ 3, သေသူ 0,

🇳🇪 နိုင်ဂျာ တွေ့သူ 3, သေသူ 0,

🏖️ စိန့်ဘာ့ကျွန်း တွေ့သူ 3, သေသူ 0,

🇱🇨 စိန့်လူစီယာ တွေ့သူ 3, သေသူ 0,

🇿🇲 ဇန်ဘီယာ တွေ့သူ 3, သေသူ 0,

🇬🇲 ဂမ်ဘီယား တွေ့သူ 2, သေသူ 0,

🇸🇩 ဆူဒန် တွေ့သူ 2, သေသူ 1,

🇳🇵နီပေါ တွေ့သူ 1, သေသူ 0,

🇧🇹 ဘူတန် တွေ့သူ 2, သေသူ 0,

🇩🇲 ဒိုမီနီကာ တွေ့သူ 2, သေသူ 0,

🇲🇷 မော်ရီတန်းနီးရား တွေ့သူ 2, သေသူ 0,

🇲🇲 မြန်မာ တွေ့သူ 2, သေသူ 0,
♦️အသစ်တွေ့နိုင်ငံ၊

🇳🇮 နီကာရာဂွာ တွေ့သူ 2, သေသူ 0,

🇸🇽 ဆင့်မာတန် တွေ့သူ 1, သေသူ 0,

🇧🇿 ဘလီဇီ တွေ့သူ 1, သေသူ 0,
♦️အသစ်တွေ့နိုင်ငံ၊

🇹🇩 ချက်ဒ် တွေ့သူ 1, သေသူ 0,

🇪🇷 အရီထရီရာ တွေ့သူ 1, သေသူ 0,

🇬🇩 ဂရီနာဒါတွေ့သူ 1, သေသူ 0,

🇻🇦ဗာတီကန် တွေ့သူ 1, သေသူ 0,

🇲🇸 မွန့်စာရက် တွေ့သူ 1, သေသူ 0,

🇲🇿 မိုဇမ်ဘစ် တွေ့သူ 1, သေသူ 0,

🇵🇬 ပါပူအာနယူးဂီနီ တွေ့သူ 1, သေသူ 0,

🏝️ စိန့်ဗင်းဆင့်ကျွန်း တွေ့သူ 1, သေသူ 0,

🇸🇴 ဆိုမာလီယာ တွေ့သူ 1, သေသူ 0,

🇸🇾 ဆီးရီးယား တွေ့သူ 1, သေသူ 0,

🇹🇱 အရှေ့တီမော တွေ့သူ 1, သေသူ 0,

🇹🇨 တာ့အန်ကိုင်ကို့စ် တွေ့သူ 1, သေသူ 0,
♦️အသစ်တွေ့နိုင်ငံ၊

👉 စာရင်းထဲမပါရင် အဲ့နိုင်ငံမှာ မတွေ့သေးပါ။

ယနေ့ မနက် 7:51 အထိသိသမျှပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •