#တာဝန်မဲ့တဲ့သူတစ်ယောက်ကြောင့်ကိုရီးယားဟာ second wave ဖြစ်လာမယ့်အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
🇰🇷 တောင်ကိုရီးယားမှာ ရက်အတော်ကြာငြိမ်နေပြီးမှ ဒီနေ့ Covid-19 ရောဂါရှိသူ 12 ယောက်အသစ်တွေ့ခဲ့ပါတယ်။
🔥 မေဒေးနေ့အားလပ်ရက် 3 ရက်အတွင်း အသက် 29 နှစ်အရွယ်ရှိ လူတစ်ယောက်ဟာ ဆိုးလ်မြို့တော်နဲ့ အနီးအနားက 4 မြို့မှာ ယခုအထိသိသမျှ လူအနည်းဆုံး 14 ယောက်ကို ရောဂါကူးစက်စေခဲ့ပါတယ်။
ကြာသပတေးနေ့ညမတိုင်ခင် 24 နာရီအတွင်းမှာ အသစ် 12 ယောက်တွေ့ခဲ့ပြီး နောက်ထပ်ဘယ်နှစ်ယောက်ထပ်တွေ့မယ်ဆိုတာ မသိသေးပါ။
အဲ့ဒီ 12 ယောက်ထဲမှာ နိုင်ငံခြားသား 3 ယောက်၊ တောင်ကိုရီးယားစစ်သားတစ်ယောက်ပါပြီး နိုက်ကလပ် 3 ခုကိုရောဂါကူးစက်မှု ဖြစ်စေခဲ့ပါတယ်။
အဲ့ဒီလူဟာ အလုပ်ပိတ်ရက် ပြီးခဲ့တဲ့ သောကြာနေ့ညနဲ့ စနေနေ့မနက်စောစော အတွင်းမှာ ကလပ် 3 ခုကို သွားလည်ခဲ့ရာမှာ 😷 #maskမတပ်ခဲ့ဘူးလို့ဆိုပါတယ်။
အဲ့ဒီအတွက်ကြောင့် ယခုအခါ လူပေါင်း 1500 ဟာကူးစက်ခံရမယ့် အန္တရာယ်ရှိနေပါပြီ။
သူဟာ စနေနေ့ညမှာပဲ ရောဂါလက္ခဏာစပြခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီမှာ လူတစ်ယောက်ဟာ ကိုယ့်ဟာကိုယ်ရောဂါမရှိဘူးလို့ထင်နေပေမယ့် စည်းကမ်းမလိုက်နာရင် #အချိန်မရွေးရောဂါဖြန့်ဖြူးသူစုန်းပြူးဖြစ်သွားနိုင်ပါတယ်။
ဒါဟာ တောင်ကိုရီးယားအစိုးရရဲ့ #ခြေမြန်လက်မြန်စမ်းသပ်နိုင်လို့သာစောစောသိရှိခြင်းဖြစ်ပြီး နည်းနည်းလေးသာ အသိနောက်ကျလိုက်ပါက တောင်ကိုရီးယားအတွက် second wave ဖြစ်သွားမယ့်အန္တရာယ်ကြီးဖြစ်ပါတယ်။
🔥 အခုနိုက်ကလပ်တွေဟာလည်း “gay club” တွေဖြစ်တယ်လို့ဆိုပြန်ပါတယ်။ အဲ့ဒီမှာ ပိုပြီးရှုပ်ထွေးလာစေပါတယ်။
🏳️🌈 အကယ်လို့သာ မီဒီယာတွေကလိုက်လို့ ပေါ်ကုန်ရင် LGBTQ လို့ခေါ်ကြတဲ့ lesbian, gay, bisexual, transgender နဲ့ queer တွေအဖြစ် သူတို့ကို လူတွေသိသွားကြမှာ စိုးရိမ်နေကြပါတယ်။
တောင်ကိုရီးယားဟာ ပုံမှန်အခြေအနေကိုပြန်ဖွင့်နိုင်လို့ အားလုံးပျော်နေခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းတွေ၊ အားကစားပွဲတွေကို နောက်အပတ်မှာ ပြန်ဖွင့်ဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။
ကျနော်ပြောလိုတာက နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေက Covid-19 #အန္တရာယ်ကနေကင်းဝေးဖို့….
♦️ အစိုးရရဲ့ #ထကြွလုံလရှိပြီးလက်မြန်တဲ့အစီအမံကောင်းရှိဖို့လိုသလို၊
♦️ ပြည်သူလူထုတွေကလည်း #တာဝန်မဲ့တဲ့လုပ်ရပ်တွေကိုရှောင်ကြဉ်ပြီးစည်းကမ်းလိုက်နာဖို့လိုပါတယ်။
အပေါ်က 2 ချက်ကို ပြန်ကြည့်မယ်ဆိုရင်….
အစိုးရပိုင်းက ပြောစရာမရှိသေးပါ။
တောင်ကိုရီးရားရဲ့ အစိုးရအစီအမံကောင်းမှုက နာမည်ရနေပြီးသားပါ။
တောင်ကိုရီးယားသမ္မတရဲ့ စီမံဆောင်ရွက်မှု တော်လွန်းလို့ သူ့အပေါ်ပြည်သူတွေရဲ့ ထောက်ခံချက် rating ဟာ 71 အထိဖြစ်ခဲ့ပါတယ်။
ဒီလို rating 71 အထိ ရရှိခြင်းဟာ တောင်ကိုရီးယားမှာ ဒီမိုကရေစီအရ ရွေးကောက်ခံရတဲ့ ခေါင်း ဆောင်တွေထဲမှာ ပထမဆုံးပါပဲ။
ပြည်သူထဲက စုန်းပြူးပါလာတာတွေက ပြဿနာပါ။
ဒီကိစ္စမှာ အဲ့ဒီလူဟာ တာဝန်မဲ့တဲ့ လုပ်ရပ်နှစ်ခုကို ကျုးလွန်ခဲ့ပါတယ်။
▪️😷 mask မတပ်တာ။
▪️တစ်ညထဲမှာ ဟိုကလပ်ဒီကလပ်နေရာများများကို ကူးလူးသွားလာတာ။… ဖြစ်ပါတယ်။
အခုတော့ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်သွားမယ့် အန္တရာယ်ရှိနေပါပြီ။
ဘယ်သူမှ Gay ကလပ်သွားခဲ့တယ်လို့ ပြောချင်ကြမှာ မဟုတ်ပါဘူး။ ဒီကိစ္စမှာ မီဒီယာတွေကလည်း ကျင့်ဝတ်နဲ့အညီလုပ်ဆောင်ဖို့လိုပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ ကလပ်၊ ဘား စတဲ့ ဖြေဖြေရေးလုပ်ငန်းအားလုံးကို အနည်းဆုံးတစ်လ ထပ်ပိတ်ဖို့ အမိန့်ထုတ်ပါမယ်တဲ့။
ဒုတိယကျန်းမာရေးဝန်ကြီးက ကလပ်သွားခဲ့သူတွေအားလုံး အိမ်ကမထွက်ကြဖို့နဲ့ အစိုးရကို ဆက်သွယ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒုဝန်ကြီးကတော့ အများကြီးထပ်တွေ့နိုင်သေးပါတယ်လို့ ဆိုလိုက်ပါတယ်။
အခုလို ကိုရိုနာဗိုင်းရပ်စစ်ကာလမှာ လူတွေရဲ့ အသွားအလာကို ထိန်းဖို့သိပ်ခက်ပါတယ်တဲ့။
#ရေသန့်တစ်ခွက်ထဲကိုမှင်တစ်စက်ကျသွားရင်မပြန့်အောင်လိုက်ဖမ်းရတာမလွယ်သလိုပါပဲတဲ့ခင်ဗျား။
လူတစ်ယောက်ကလေးရဲ့စည်းကမ်းပျက်မှုကနေ လူပေါင်းများစွာကို ပြန့်သွားနိုင်တာကို သတိပြုကြပါ။
👉 ကျနော်တို့အနေနဲ့ သူများနိုင်ငံတွေက အဖြစ်အပျက်တွေကို သင်ခန်းစာယူသင့်ပါတယ်။
♦️ အားလုံးစီးပွားရေးအခြေအနေအရ ပြန်ဖွင့်ချင်နေကြပါပြီ။ #ဒီလိုပြန်ဖွင့်ဖို့ဆိုရင်စည်းကမ်းရှိမှဖြစ်ပါမယ်။
♦️ 😷 mask ကိုမှန်မှန်ကန်ကန် တပ်ရမယ်။
♦️ social distancing ကို အသေအချာလိုက်နာမှ ဖြစ်ပါမယ်။ ဟိုနားရုံးရုံး၊ ဒီနားရုံးရုံး၊ ဟိုနားတိုးလိုက်၊ ဒီနားတိုးလိုက် လုပ်နေလို့မရကြောင်းပါခင်ဗျား။
Richard Myo Thant
8-May-2020
Photo – Shwe Innthar Khin Mg Win