Mask တပ်ခြင်းဖြင့် Covid-19 ကြောင့် လူသေဆုံးမှုကိုသိသိသာသာလျော့ချနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

😷 Mask တပ်ခြင်းအားဖြင့် Covid-19 ကြောင့် #လူသေဆုံးမှုကိုသိသိသာသာလျော့ကျနိုင်။

▪️Dr. Monica Gandhi ဟာ ကူးစက်ရောဂါကျွမ်းကျင်သူ (expert in infectious disease and global medicine) ဖြစ်ပါတယ်။

▪️သူတို့အဖွဲ့ဟာ Mask တပ်တဲ့လူတွေနဲ့ Mask မတပ်တဲ့လူတွေအကြား ဘာကွာခြားမှုရှိသလဲဆိုတဲ့ အချက်အလက် data တွေကို ဗိုင်းရပ်စ်ရဲ့အမူအကျင့် behaviour တို့ကို တွဲပြီးလေ့လာခဲ့ပါတယ်။

▪️အစကတော့ လူတွေကို 😷 Mask တပ်စေခြင်းဖြင့် Covid-19 ရောဂါကူးစက်ပြန့်နှံ့မှုလျော့ချနိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။

▪️တကယ်လက်တွေ့မှာ ​#ရောဂါကူးစက်မှုသိသိသာသာလျော့ကျစေတဲ့အပြင် ရောဂါပြင်းထန်မှုနဲ့ လူသေဆုံးမှုလျော့ကျခြင်းအကျိုးကျေးဇူးတွေကို ရရှိတာတွေ့ခဲ့ရပါတယ်။

ဘာဖြစ်လို့ Mask တပ်တာနဲ့ #ရောဂါပြင်းထန်မှုနဲ့လူသေဆုံးမှုလျော့ကျခြင်းအကျိုးကျေးဇူးတွေကို ရရှိစေတာလဲ⁉️

🦠 😷 Mask တပ်ထားတဲ့အခါမှာ ရောဂါပိုးဟာ အကယ်၍များ Mask မလုံလို့ ကူးစက်မှုဖြစ်ခဲ့ရင်တောင်မှ #ကူးစက်တဲ့ရောဂါပိုးပမာဏ အလွန်နည်းသွားစေပါတယ်။

အဲ့ဒီလို ကူးစက်တဲ့ရောဂါပိုးပမာဏနည်းပါးတဲ့အခါမှာ ကူးစက်ခံရသူဟာ Covid-19 ရောဂါဖြစ်ပွားခဲ့ရင်တောင် ရောဂါမပြင်းထန်တဲ့အတွက် အသက်သေဆုံးမှုကို လျော့ကျသွားခြင်းဖြစ်ပါတယ်တဲ့။

အဲ့ဒီလူတွေမှာ mild symptoms လို့ခေါ်တဲ့ ရောဂါမပြင်းထန်တဲ့ လက္ခဏာတွေ့ရသလို asymptomatic လို့ခေါ်တဲ့ ရောဂါရှိပေမယ့် ရောဂါလက္ခဏာလုံးဝမပြတာလည်း တွေ့ရပါတယ်။

ဒါ့ကြောင့် ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပြီး အသက်ကူရှုစက်တင်ရတာမျိုး အဆုတ်ထဲမှာ ကျပ်ခဲတာမျိုးတွေ အသက်ရှုရခက်တာမျိုးတွေ ဖြစ်တာလျော့ကျသွားပါသတဲ့။

အဲ့ဒီတွေ့ရှိချက်ဟာ #လူထုအပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ⁉️

#ကာကွယ်ဆေးလိုသဘောမျိုးအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်တဲ့။

လူထုအတွက် herd immunity လို့ခေါ်တဲ့ #လူထုကြားရောဂါပြန့်နှံ့မှုခံနိုင်ရည်ရှိခြင်း ကို အားလုံး Mask တပ်ခြင်းဖြင့် ရရှိနိုင်ပါတယ်တဲ့။

အခုလိုပိုးနည်းလို့ရောဂါမပြင်းထန်ပဲပြန်ကောင်းခဲ့ရင် လူထုကြားမှာ herd immunity ဖြစ်လာပါတယ်။

💉 Vaccine လို့ခေါ်တဲ့ ကာကွယ်ဆေးဟာ အရေးကြီးတာမှန်ပေမယ့် #ကာကွယ်ဆေးကောင်းပေါ်ခဲ့ရင်တောင် ကျနော်တို့နိုင်ငံက လူထုကြားတကယ်ရရှိဖို့က ကြာအုံးမှာပါ။

ဒါ့ကြောင့် Covid ကာလမှာ လူထုအကြားရောဂါပိုးပြန့်နှံ့ခြင်း local transmission ရှိခဲ့ရင်တောင်မှ #ကူးစက်နိုင်ခြေနဲ့ကူးစက်မယ့်ပိုးပမာဏလျော့ကျအောင်…..

✅ 😷 Mask တပ်ခြင်းကိုမဖြစ်မနေလိုက်နာကြပါ။

ခပ်ခွာခွာနေကြပါလို့ ပြောပေမယ့် ဘယ်သူမှ ခပ်ခွာခွာမနေနိုင်ကြပဲ စုပြုံပြီး အရင်လိုနေနေကြတဲ့အတွက် Mask ကို #မဖြစ်မနေတပ်ကြပါ။

အစိုးရမှလည်း Mask တပ်ခြင်းကို တကယ်စည်းကမ်းလိုက်နာအောင် ပြန်လျှော်သုံးနိုင်တဲ့ Mask များဖြန့်ဖြူးခြင်းနဲ့ အပြင်ထွက်ရင် Mask မတပ်မနေတပ်အောင် ကြပ်မတ်အရေးယူခြင်းများ လုပ်ဆောင်သင့်ပါတယ်။

အခုလို Dr. Monica Gandhi တို့ရဲ့တွေ့ရှိချက်အရ Mask တပ်ခြင်းဖြင့် ကာကွယ်ဆေးမရရှိသေးသော်လည်း ကာကွယ်ဆေးအကျိုးကျေးဇူးနီးပါး လူထုကြားမှာ ရရှိနိုင်တဲ့အတွက် Mask ကိုမဖြစ်မနေတပ်ကာ စနစ်တကျသုံးစွဲကြပါခင်ဗျား။

Mask ကို မေးချိတ်တပ်ပြီး၊ စစ်ဆေးတဲ့သူလာမှ ပြန်တပ်တာမျိုးမလုပ်ကြပါနဲ့။

အစိုးရရုံးတွေမှာ လူစုလူဝေးကိစ္စဖြစ်ပေါ်နိုင်ရင် #ယာယီဝန်ထမ်းခန့်ပြီး ဖြေရှင်းပေးခြင်းဖြင့် ပြည်သူများလည်း အလုပ်ရရှိပြီး ရောဂါကာကွယ်ရေးအတွက် ထိရောက်မှုရှိမှာ ဖြစ်ပါတယ်။

မပေါ့ကြပါနဲ့။ Covid ဟာ ပြည်သူကြားကို ကိုယ်ပျောက်စလျှောက်နေပါပြီ။

မနေ့ကပဲ စင်ကာပူရှိ Covid ရောဂါကင်းစင်ပြီးကြောင်း ကြေညာထားတဲ့ လုပ်သားအဆောင်တွေမှာ လူ ၁၀၀ ကျော်ပြန်တွေ့တဲ့အတွက် လူ ၇၀၀၀ ကို Quarantine ပြန်ဝင်ခိုင်းခဲ့ရပါပြီ။

လူထုအကြားစပြန့်ရင် ထိန်းချုပ်ရခက်ခဲပါတယ်။

လူထုအကြားဆက်မပြန့်ဖို့ ရောဂါပိုးကူးစက်မှု ကွင်းဆက်ပြတ်သွားဖို့….

▪️😷 Mask တပ်ကြပါ။ အိမ်ကိုဧည့်သည်လာရင်လည်း Mask တပ်ပါ။

ခပ်ခွာခွာနေဖို့က ပြောလို့ရမှာမဟုတ်လို့ မပြောတော့ပါ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
19-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •