Mask ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်း။ (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Mask ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ maskနဲ့ယဉ်ပါးပြီး အမြဲတစေသုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ။ ဒီလိုဖြစ်ဖို့က အတော်ကြိုးစားယူရမယ်ဆိုတာသိပါတယ်။ မနေ့က video ဆွေးနွေးပွဲမှာ ကြားခဲ့ရသလိုပါပဲ၊ စျေးသည်တွေက စျေးလာဝယ်သူတွေလို အချိန်တိုလေးသာ mask တပ်ထားရတာမဟုတ်ဘူး၊ (၄)နာရီလောက် ဆက်တိုက်တပ်ရမယ်ဆိိုတော့ မလွယ်ဘူး ဆိုတာမျိုးက အင်မတန်မှန်ပါတယ်။

တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှာ၊ အအေးမိရင်၊ ချောင်းဆိုးရင်၊ maskတတ်ပြီးမှအပြင်ထွက်တာက ဆယ်စုနှစ်တွေနဲ့ချီပြီးယဉ်ကျေးမှုတစ်ရပ်လိုဖြစ်နေပေမယ့် ယခုcovid ကာလမှာလို လုပ်ကြရတာမျိုးမဟုတ်ပါဘူး။

ကျွန်မတို့နိုင်ငံမှာ အလေ့အကျင့်မရှိတဲ့အထဲက ရာသီဥတုကလည်း ပူတဲ့အခါက များနေတော့ mask ကိုကြာကြာတပ်ရတာ မလွယ်တဲ့အလုပ်ကြီးပေါ့။ ပူတဲ့အပြင် အသက်ရှူကမဝ၊ စကားပြောတာရှင်းရှင်း မကြားရ၊စသဖြင့် maskကိုမနှစ်သက်ရတဲ့ အကြောင်းတွေကြားရပါတယ်။ ဒါတွေကအလေ့အကျင့် ရတာနဲ့အမျှ အဆင်ပြေသွားမယ့်ကိစ္စတွေပါ။ စမ်းကြည့်ပါ။ ကျွန်မတို့တွေက တာဝေးအပြေးသမားတွေလေ။

အမျိုးသားတွေပြိုင်ပွဲဝင်ဖို့ ဆော်ဩ လိုက်တော့ ဘာ့ကြောင့်maskမချုပ်နိုင်ကြောင်း တင်ပြလာတဲ့ အချက်ကလေးတွေက ပြုံးစရာ၊ ချစ်စရာ၊ သနားစရာပါ. (“အိမ်ကမိန်းမကခိုင်းလွန်းလို့…” စသဖြင့်။)

ကျွန်မတို့ပြည်သူတွေတော်ကြပါတယ််။ Maskတွေကပုံစံအမျိုးမျိုး၊ လှလှ လေးတွေ၊ ဝတ်ချင်စရာလေးတွေ။ ကျွန်မချုပ်တဲ့ mask ပုံလေးလည်းတင်ထားပါတယ်။ ပြိုင်တဲ့အထဲပါဖို့မဟုတ်ပါဘူး။ ချုပ်တဲ့အထဲပါရုံသက်သက်ပါ။ ပုံစံကရိုးရိုးပါပဲ။ ဒါပေမဲ့ထူး ခြားတာ တစ်ခုတော့ရှိပါတယ်။ လက်ချုပ်တဲ့အပိုင်းကကျွန်မလုပ်တာဖြစ််ပေမဲ့ပိုမြန်မြန်ပြီးဖို့အတွက် စက်နဲ့ချုပ်တဲ့အပိုင်းလည်းပါပါတယ်။ ဒီအပိုင်းကိုတော့ ကျွန်မကိုယ်ရေးအရာရှိက တာဝန်ယူ ချုပ်ပေးပါတယ်။
သူကအမျိုးသားလေးပါ။

သားတွေလည်း မညံ့ပါဘူး။


Spread the love
  •  
  •  
  •  
  •  
  •  
  •