Mask အတုရောင်းမှုနဲ့တရုတ်ဆေးဆိုင်လုပ်ငန်းရှင် ထောင်၁၅ နှစ်ကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

3M 😷 #Maskအတုရောင်းမှုနဲ့ နာမည်ကြီး #တရုတ်ဆေးဆိုင်လုပ်ငန်းရှင်သူဌေးအားထောင်ဒဏ် (15 )နှစ်ချမှတ်။

Kangbaixin ဆေးဆိုင်လုပ်ငန်းဟာ ပီကင်းမြို့တော်မှာတင် ဆေးဆိုင်ပေါင်း 60 ရှိပါတယ်။

Kangbaixin ရဲ့ ဥက္ကဋ္ဌ Li Dong နဲ့ အပေါင်းအပါ 2 ယောက်ကို အပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

👉 Li Dong က ထောင်ဒဏ် 15 နှစ်ကျပြီး ကျန်နှစ်ယောက်ဖြစ်တဲ့ Li Yuzhang နဲ့ Luo Hanyi တို့က ဘယ်လောက်ကျမလဲမသိရသေးပါ။

🇨🇳 တရုတ်ပြည်မှာ COVID အကြီးအကျယ်ဖြစ်နေတဲ့ January လထဲမှာ Li Dong ရဲ့ Kangbaixin ဆေးဆိုင်တွေဟာ 3M 😷 mask တွေလို့ ကြေညာပြီး #အတုပေါင်း 5 သိန်း 8 သောင်းကို ရောင်းခဲ့ပါတယ်။

အဲ့ဒီအချိန်က Mask စျေးတွေက အရမ်းမြင့်တက်ခဲ့ပြီး လူတွေက ရသလောက်လုဝယ်ခဲ့ကြတာပါ။

ဒါပေမယ့် လူတွေက 3 M mask တွေရဲ့ အရည်အသွေးကို #ကွန်ပလိန်းတက်လာကြတဲ့အခါမှာ #ဒေသအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်

♦️ အဲ့ဒီမှာ 3M mask အစစ်တွေမဟုတ်ပဲ အတုတွေကို Kangbaixin ဆေးဆိုင်တွေက ဝယ်ရောင်းလုပ်ခဲ့တာပေါ်ပေါက်ခဲ့ပြီး Li Dong ကို February 1 ရက်နေ့မှာဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

February 25 ရက်နေ့မှာ mask အတုလုပ်မှု၊ အရည်အသွေးမမီတာတွေ ရောင်းချမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

အဲ့လို တရားစွဲဆိုပြီး သုံးရက်အကြာမှာ Kangbaixin ဆေးဆိုင်တွေက ဝယ်ယူခဲ့သူတွေကို တောင်းပန်ပြီး စျေးသုံးဆပေးကာ လျှော်ကြေးပေးမယ်လို့ ဆိုခဲ့ပါတယ်။

👉 ဒါဟာ January 23 ကနေ 26 ရက်နေ့အထိ #သုံးရက်အတွင်းအတုရောင်းမှု နဲ့ ထောင်ဒဏ် 15 နှစ်ချတာဖြစ်ပါတယ်။

သူ့ပြည်သူအမြောက်အမြားကို #ရောဂါဖြစ်ပြီးသေစေနိုင်မှုနဲ့ တရုတ်ရဲ့ အရေးယူမှုဟာ အတုယူစရာဖြစ်ပါတယ်။

Li Dong ရဲ့ ကုမ္ပဏီဟာ အဲ့ဒီ Mask အတုရောင်းမှုကနေ မြန်မာငွေ သိန်း 8000 ကျော်မြတ်စွန်းခဲ့ပါတယ်။

သူ့ရှေ့နေကတော့ အတုမှန်းမသိလို့ ရောင်းမိပါတယ်လို့ ခုခံချေပပေမယ့် မရပါ။

Kangbaixin ဆေးဆိုင်လုပ်ငန်းဟာ Covid-19 မှာ အရေးယူခံရတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါ။

January လ ထဲမှာပဲ PM 2.5 Mask တွေကို စျေးအဆ 260 တင်ရောင်းမှုနဲ့ မြန်မာငွေ သိန်း 200 လောက်ဒဏ်ချခံရကြောင်း ကျနော်နေ့စဉ်သတင်းထဲမှာ ထည့်ရေးဖူးပါတယ်။

🇨🇳 တရုတ်အစိုးရရဲ့အရေးယူမှုက မြန်ပါတယ်။ Mask အတုတွေပေါ်လာတဲ့အခါမှာ Supreme People’s Court က #ဥပဒေအသစ်ကို February 10 ရက်နေ့မှာ မြန်မြန်ဆန်ဆန်ထုတ်ပြီး စအရေးယူတာဖြစ်ပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
21-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •