Midea သူဌေးကြီး He Xiangjian ပြန်ပြေးဆွဲခံရမှု ၊
သားဖြစ်သူကမြစ်ဖြတ်ကူးပြီးရဲကိုအကြောင်းကြားလို့လွတ်မြောက်
▪️Midea လျှပ်စစ်ပစ္စည်းတွေကို အားလုံးသိကြမှာပါ။ Midea Group က စျေးသက်သာတဲ့ သာမန်လူတန်းစားသုံးအိမ်သုံးပစ္စည်းမျိုးစုံကို ထုတ်လုပ်နေတာပါ။
▪️ Midea Group ရဲ့ Founder သူဌေးကြီး He Xiangjian ဟာ တရုတ်ပြည်ရဲ့ အချမ်းသာဆုံးသူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။
▪️သူ့ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ 25 ဘီလီယံတောင်ရှိပါတယ်။ တရုတ်ပြည်ရဲ့ နံပါတ် 6 အချမ်းသာဆုံးသူဌေးကြီးပါ။
▪️အသက် 77 နှစ်အရွယ်သူဌေးကြီးမှာ အသက် 55 နှစ်အရွယ် He Jiangfeng ဆိုတဲ့ သားတစ်ယောက်ပဲ ရှိပါတယ်။
▪️မနေ့က June လ 14 ရက်နေ့ ညနေ 5:30 မှာ လူတစ်ချို့ဟာ သူဌေးကြီးနေတဲ့ Royal Orchid International Golf Villa က အိမ်ကို ဖောက်ထွင်းဝင်ရောက်လာပြီး သူဌေးကြီးကို ပြန်ပေးဆွဲခဲ့ပါတယ်။
▪️တကယ်တော့ 24 နာရီ လုံခြုံရေးအစောင့်အရှောက်တွေရှိပြီး တော်ရုံလူဝင်လို့မရတဲ့ အိမ်ယာဝင်းထဲမှာ အခုလိုပြန်ပြေးဆွဲမှုဖြစ်ခဲ့တဲ့အတွက် အားလုံးမျက်လုံးပြူးသွားကြပါတယ်။
▪️ပြန်ပြေးဆွဲတဲ့လူတွေဟာ 💣 ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုင်ပြီး အိမ်ထဲမှာသူဌေးကြီးကိုပြန်ပြေးဆွဲထားချိန်မှာ သူ့ရဲ့တစ်ဦးတည်းသောသားက တိတ်တဆိတ်လစ်ထွက်ပြီး အိမ်နားက 15 ပေလောက်ကျယ်တဲ့ မြစ်ကလေးကို ဖြတ်ကူးပြီး ရဲစခန်းကိုအကြောင်းကြားခဲ့ပါတယ်။
▪️အသေးစိတ်ကိုမသိရသေးပေမယ့် သူဌေးကြီးလွတ်မြောက်သွားပြီး ရဲတွေက ဒီနေ့မနက် 5 နာရီမှာ လူငါးယောက်ကို ဖမ်းဆီးမိထားတယ်လို့ ဆိုပါတယ်။
▪️တော်ရုံလူအနားသီလို့မရတဲ့ လုံခြုံရေးအပြည့်နဲ့ ဂေဟာမျိုးကို ပြန်ပြေးဆွဲသူတွေ ဘယ်လိုဝင်ရောက်လာသလဲဆိုတာ နောက်မှသိရမှာ ဖြစ်ပါတယ်။
#ချုံကြားကနေဘုံဖျားရောက်အောင်ကြိုးစားကြံစည်ခဲ့သူ။
▪️ သူဌေးကြီး He Xiangjian ဟာ ဘာမှမရှိတဲ့ဘဝကနေ အခုလို တရုတ်ပြည်နဲ့ နံပါတ်ခြောက်မြောက် အချမ်းသာဆုံးဖြစ်အောင် ကြိုးစားယူလာခဲ့သူဖြစ်ပါတယ်။
▪️သူ့ဟာ မူလတန်းအောင်တာနဲ့ ကျောင်းထွက်ခဲ့ပြီး စက်ရုံတွေ၊ လယ်တောတွေမှာ လိုက်အလုပ်လုပ်ခဲ့ရပါတယ်။
🔥 #အလျှံညီးညီးတောက်မည့်မီးကားရင်းနှီးနဂိုသူ့ပင်ကိုယ်ကထိုလိုငြိစွဲတရဲရဲတည်း။
▪️သူ့မှာကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့ဆန္ဒရှိခဲ့ပြီး လူ 23 ယောက်ပေါင်းကာ ယွမ် 5000 နဲ့ ပလတ်စတစ်ဘူးဖုံးလုပ်ငန်းလေး ထောင်ခဲ့ပါတယ်။
▪️အဲ့ဒီ 1968 ခုနှစ်ကာလက အခုလို ပုဂ္ဂလိက လုပ်ငန်းထူထောင်တဲ့သူတွေကို မော်စီတုံးက #အရင်းရှင်လို့စွပ်စွဲကာ ထောင်ချပြီး ပိုးဟပ်ကျွေးတတ်တာမို့ #အင်မတန်အန္တရာယ်များတဲ့စွန့်စားမှုမျိုးဖြစ်ပါတယ်။
▪️ဖန်ပြွန်ချောင်းတွေ၊ ကားအပိုပစ္စည်းလေးတွေကစပြီး လုပ်ငန်းမျိုးစုံကို ဖွတ်ချက်ဖွတ်ချက်နဲ့ လုပ်ကိုင်ဖူးပါတယ်။
▪️1970 ကျော်ကာလမှာ ဟောင်ကောင်က လာလည်တဲ့သူတွေသယ်လာတဲ့ ပန်ကာတွေကိုကြည့်ပြီး သွားရည်တမြားမြားကျကာ ထုတ်လုပ်ဖို့ကြိုးစားခဲ့ပါတယ်။
▪️အဲ့ဒီတုန်းက အဲ့လိုပန်ကာလက်ဆောင်ရရင် အခုခေတ်နောက်ဆုံးပေါ် iphone လက်ဆောင်ရတာနဲ့ အတူတူပါပဲ။
▪️1981 ခုနှစ်မှာ သူ့စက်ရုံကို Midea လို့နာမည်ပေးပြီး ပလတ်စတစ်ပန်ကာတွေထုတ်ခဲ့ပါတယ်။
▪️အဲ့ဒီကနေ 1985 မှာ အဲကွန်းတွေ ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။
▪️1988 မှာ အဲကွန်းကို ပြည်ပတင်ပို့ခွင့်ရခဲ့ရာက ကုမ္ပဏီဟာ အကြီးအကျယ်ကြီးထွားအောင်မြင်လာခဲ့ပါတယ်။
▪️အဲ့ဒီကနေ တရုတိပြည်ရဲ့ ကြီးပွားတိုးတက်လာတဲ့ ရေလှိုင်းနဲ့အတူ Midea Group ဟာလည်း ထိပ်ကိုရောက်လာခဲ့ပါတယ်။
▪️2012 ခုနှစ်မှာ အနားယူခဲ့ပေမယ့် Midea Group ကြီးရဲ့ ရှယ်ယာ သုံးပုံ တစ်ပုံကို သူပိုင်ဆိုင်ပါတယ်။ ဂျာမန် robotic company Kuka ကိုလည်း သူပိုင်ဆိုင်ပါတယ်။
♦️ ပြန်ပြေးဆွဲမှုအကြောင်းကို တင်ပြရင်း ခြေဖဝါးလက်ဖဝါးဘဝကနေ ဘာမှမရှိပဲအောင်မြင်လာတဲ့ တကယ့် blue collar ဘဝကနေ စက်ရုံကြီးတွေ၊ လုပ်ငန်းအင်ပါယာကြီးတွေကို တည်ဆောက်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကို #လူငယ်တွေအားလုံးအတုယူနိုင်အောင်တင်ပြလိုက်ခြင်းဖြစ်ပါတယ် ခင်ဗျား။
ကျနော်တို့နိုင်ငံ #တိုးတက်အောင်မြင်ဖို့ဆိုရင် သူ့လို production သမားစစ်စစ်တွေ လိုပါတယ်ခင်ဗျား။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
15-June-2020