“Milk Tea Alliance ” “28.2.2021”
——————————-
လာမယ့် တနင်္ဂနွေနေ့ (၂၈-၂-၂၀၂၁) မှာ Milk Tea Alliance ဆန္ဒပြပွဲကြီးကို အင်တိုက်အားတိုက်လုပ်ကြမယ်လို့ဆိုပါတယ်။
Milk Tea Alliance ဆိုတာ Netizens လို့ခေါ်တဲ့ အွန်လိုင်းကွန်မြူနတီ ပေါ်မှာ မဟာမိတ်ဖွဲ့ထားကြသူတွေရဲ့ ဒီမိုကရေစီရေးစည်းလုံးညီညွတ်စွာလှုပ်ရှားမှု (online Democratic solidarity movement) ဖြစ်ပါတယ်။
အခု ထိုင်း 🇹🇭, ဟောင်ကောင် 🇭🇰, ထိုင်ဝမ် 🇹🇼, အိန္ဒိယ 🇮🇳, မြန်မာ 🇲🇲, အင်ဒိုနီးရှား 🇮🇩 တို့ Milk Tea Alliance မှာပါဝင်နေပါပြီ။
ဒါ့ကြောင့် နိုင်ငံအမည်တပ်ပြီး “Shame On” လို့မသုံးဖို့ ကျနော်ဘာကြောင့်တဖွဖွပြောရသလဲဆိုတာ သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။
နိုင်ငံအတော်များများမှာ အစိုးရတွေကမြန်မာပြည်သူလူထုကိုဝင်ကူဖို့ လက်နှေးလေ့ရှိပါတယ်။
အဲ့ဒီအစိုးရတွေကို ကိုင်လှုပ်နိုင်တာက သူတို့ရဲ့ပြည်သူလူထုပဲရှိပါတယ်။
မစ်တီးအလိုင်းယန့် (Milk Tea Alliance) ပြည်သူအချင်းချင်းပိုမိုစည်းလုံးစွာလက်တွဲပြီး ပြည်သူ့ဆန္ဒကိုပြကြမယ့်အရေးဖြစ်ပါတယ်။
အခု Milk Tea Alliance ဟာ 2020 မြန်မာပြည်ကအထွေထွေရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာအစိုးရတွေကအသိအမှတ်ပြုဖို့ ပြည်သူတွေပူးပေါင်းဖိအားပေးကြမယ့်ပွဲပါ။
၂၈-၂-၂၀၂၁ မှာ Milk Tea Alliance ပိုစတာတွေ၊ End Dictatorship ပိုစတာတွေ၊ Recognise 2020 Myanmar Election Results ပိုစတာတွေကို ကိုင်ဆောင်ဆန္ဒပြသင့်ပါတယ်။
Milk Tea Alliance ပြည်သူတွေညီကြောင်းပြကြပါစို့။
✊