Moderna ဆေးကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေး ထိရောက်မှု ၉၄% ကျော် ထိရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Moderna ဆေးကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေး ထိရောက်မှု ၉၄% ကျော် ထိရှိ

အမေရိကန်အခြေစိုက် Moderna ဆေးကုမ္ပဏီက စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးသည် ၉၄.၅ % ထိရောက်မှု ရှိတာတွေ့ရကြောင်း အဆိုပါဆေးကုမ္ပဏီက နိုဝင်ဘာ ၁၆ ရက်တွင် ကြေညာလိုက်သည်။

အမေရိကန်အစိုးရ ကျန်းမာရေးဌာန NIH ၏ ကူးစက်ရောဂါဆိုင်ရာ NIAID ဌာနနှင့် လက်တွဲပြီး ကာကွယ်ဆေးထုတ်လုပ်နေသည့် Massachusetts ပြည်နယ်အခြေစိုက် Moderna ဆေးကုမ္ပဏီက COVID-19 ကာကွယ်ဆေးကို လူတွေနှင့် စမ်းသပ်နေသည့် နောက်ဆုံးအဆင့် Phase 3 အတွက် လူပေါင်း ၃ သောင်းဖြင့် စမ်းသပ်နေခြင်းဖြစ်သည်။

အမေရိကန်အခြေစိုက် Pfizer နှင့် ဂျာမဏီက BioNTech တို့ ပူးတွဲစမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးသည်လည်း ရာခိုင်နှုန်း ၉၀ ကျော် ထိရောက်မှု ရှိကြောင်း နိုဝင်ဘာလဆန်းက ကြေညာထားပြီး အမေရိကန်ဆေးကုမ္ပဏီကြီးတခု ဖြစ်သည့် Johnson & Johnson ကလည်း ကာကွယ်ဆေးအတွက် လူဖြင့် စမ်းသပ်သည့် နောက်ဆုံးအဆင့်ကို စတင်နေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာတလွှားတွင် COVID-19 အကူးစက်ခံရသူ ၅၄.၄ သန်းကျော်ရှိပြီး သေဆုံးရသူက ၁.၃ သန်းကျော်ရှိပြီဖြစ်သည်။ COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးရဖို့ ကမ္ဘာတလွှား ကြိုးစားနေကြချိန်ဖြစ်သည်။

Ref ; VOA
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •