MRTV ကို ပြည်သူ့ဝန်ဆောင်မှုထုတ်လွှင့်မှုစနစ် (PSB) သို့ ပြောင်းလဲမည့် စီမံကိန်းသစ်ကို စတင်ရန် JICA နှ​င့် သဘောတူလက်မှတ်ရေးထိုး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူ့ဝန်ဆောင်မှုထုတ်လွှင့်မှုစနစ် (PSB) သို့ ပြောင်းလဲမည့် စီမံကိန်းသစ်ကို စတင်ရန် မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် JICA တို့သည် ၂၀၂၀ အောက်တိုဘာ ၁၅ ရက်နေ့ တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

MRTV သည် PSB အဖြစ် ၎င်း၏ ဒေသဆိုင်ရာဗျူရိုများမှတဆင့် တိုင်းရင်းသားမျိုးနွယ်စုများအတွက် ၀န်ဆောင်မှုများ ပိုမို ပံ့ပိုးပေးနိုင်ရန် နှင့် စွမ်းရည်မြှင့်မားပြီး တရားမျှတသည့် လက်တွေ့ကျသောသတင်းများ နှင့် အစီအစဉ်များ ကို တင်ဆက်ပေးနိုင်မည့်“ ဘက်မလိုက်သော” ရုပ်သံဌာန အဖြစ် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၆ခုနှစ် နှင့် ၂၀၂၀ခုနှစ် ကြားကာလအတွင်း MRTV နှင့် JICA တို့၏ ပူးပေါင်းမှုရလဒ်များဖြစ်သည့် အမျိုမျိုးသောလမ်းညွှန်ချက်များနှင့် နည်းပညာဆိုင်ရာဗဟုသုတများကို အသုံးပြုကာ MRTV သည် ၄နှစ်တာစီမံကိန်း ကာလသစ်အတွင်း လုပ်ငန်း စွမ်းဆောင်ရည်ပိုမို မြင့်မားစေရန် ကြိုးပမ်း အကောင်အထည်ဖော်သွားမယ်လို့ JAICA ရဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •