Music Zone Restaurant & KTV ဆိုင် ပိုင်ရှင်ဥိးဇော်မင်းနှင့်မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Music Zone Restaurant & KTV ဆိုင် ပိုင်ရှင်

ဥိးဇော်မင်းနှင့်မန်နေဂျာကို သဘာဝဘေးအန္တရာယ်

ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်

 

 

ရန်ကုန် ၊ စက်တင်ဘာ ၃၀

သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမကြီ
းအမှတ်-၂၇/၁ရှိ Music Zone Restaura
nt & KTV မှ Covid -19 Virous ပိုးပျံ့ပွာ
းကူးစက်ခံရခြင်းနှင့်ပတ်သက်၍ အမှတ်(၇၂
၄) ၊ မဟာဗန္ဓုလလမ်း လသာမြို့နယ်နေMu
sic Zone ဆိုင်ပိုင်ရှင်ဦးဇော်မင်း (၅၃)နှစ်နှင့် အမှတ်- ၅၇(ခ) ၊ သုမင်္ဂလာလမ်း ဇဝန ရပ်ကွက်နေ ဆိုင်မန်နေဂျာဖြစ်သူကိုမျိုးဇော်ကို(၃၂)နှစ် တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် စက်တင်ဘာ ၂၉ ရက်နေ့တွင်အမှုဖွင့်ထားကြောင်း သင်္ဃန်းကျွန်းမြို့
မ ရဲစခန်းမှ သိရသည်။

 

” Music Zone KTV ပိုင်ရှင် နဲ့ ဆိုင်မန်နေဂျာ နှစ်ဦးကို မနေ့က အမှုဖွင့်ထားတယ်ဆိုတာဟုတ်ပါတယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ- ပုဒ်မ ၂၅နဲ့အမှုဖွင့်တာပါ ” ဟု သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက က ပြောသည်။

Covid 19 ဓာတ်ခွဲစစ်ဆေးအတည်ပြုလူနာအမှတ်(၇၄၁) မဝေဝေကျော်မှတဆင့် Music Zone ရှိ မဝါဝါမွန်နှင့်မမိုးမိုးအောင်တို့ကိုရောဂါကူးစက်ခဲ့ပြီး၄င်းတို့မှတဆင့် ဆိုင်
ရှိ ဝန်ထမ်းများအားကူးစက်ခြင်း၊ ယင်းတို့မှ
ဆင့်ပွားကူးဆက်ခြင်းများဖြစ်ခဲ့ရခြင်းသည် Music Zone စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြ်ီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရ၍ သင်္ဃန်းကျွန်းမြို့နယ် Covid
19 ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ က ၄င်းတို့အား တရားစွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

(၁၃-၃-၂၀၂၀)နေ့ကရန်ကုန်တိုင်းတစ်တိုင်းလုံးကို Stay at Home ချခဲ့ပြီး၊စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာရောင်းချရန်ကြေညာခဲ့၍ ၊ လူစုလူဝေးမဖြစ်ပေါ်စေရန် ဆိုင်ထိုင်ရောင်းချသည့်စနစ်ပိတ်သိမ်းမှုများတွင် Music Zone ပါဝင်ခဲ့ကြောင်း၊ (၂၅-၅
-၂၀၂၀)တွင် တစ်နိုင်ငံလုံးကို Stay at Hom
e မှဖြေလျှော့ပေးမည်ဖြစ်ကြောင်း မြန်မာ့အသံမှကြေညာချက်ထွက်ပေါ်ပြီးနောက်၊ Mus
ic Zone မှ တာဝန်ရှိသူက(၁-၆-၂၀၂၀)နေ့
တွင် မြို့နယ် ကိုဗစ်ကော်မတီ၏စစ်ဆေးမှုကိုတရားဝင်ခံယူပြီးနောက်( ၃-၆-၂၀၂၀)နေ့
တွင် မြို့နယ် ကိုဗစ်ကော်မတီက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း၊ ယင်းသို့ခွင့်ပြုရာတွင်မူလ Music Zone သည် KTV နှင့်တွဲ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း၊ ပြန်လည်ဖွင့်ခွင့်ပြုရာ၌ စားသောက်ဆိုင်ကိုသာ ပါဆယ်စနစ်
ဖြင့် ညနေ ၃ နာရီ မှ ည ၁၀ နာရီထိ ရောင်းချ
စေခဲ့ခြင်းဖြစ်ကြောင်း၊ မူလ လူ ၁၀၀ ဆံ့ခန်းမကြီးတွင် စားပွဲ (၃၀)ခန့်နှင့်လေဝင်လေထွက်
ကောင်းမွန်အောင် လုပ်ဆောင်ရန်မှာကြားခဲ့ေ
ကြာင်း၊ ဆိုင်ဖွင့်လှစ်ပြီး(၁၀- ၆- ၂၀၂၀)နေ့
နေ့တွင် မြို့နယ်ကိုဗစ်ကော်မတီက ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ထားခြင်းရှိ/ မရှိ အဖွဲ့စုံဖြင့် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ကြကာ ဆက်လက်ရောင်းချခွင့်ပြုထားသည် ဟုသိရှိရကြောင်း နှင့်ယခင်က Music Zoneတွင် ဝန်ထမ်း၂၀၀ ကျော်ခန့်ရှိပြီး၊ ပထမအကြိမ် ကိုဗစ်လှိုင်းအပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရရှိချိန်တွင် အမျိုးသားဝန်ထမ်း ၇၀ နှင့် အမျိုးသမီ
းဝန်ထမ်း ၃၀ စုစုပေါင်းဝန်ထမ်း(၁၀၀)ဦးဖြင့် ဖွင့်လှစ်ခဲ့သည် ဟုသ်ိရှိကြောင်းသင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသန်းက ဖြေကြားထားသည်။

Covid 19 Positiveတွေ့ရှိခဲ့၍ သြဂုတ်
လ ၂၇ ရက်နေ့တွင်ဆေးကုသမှုခံယူခဲ့ရသူ လူ
နာအမှတ်(၇၄၁) မဝေဝေကျော် ၏ထုတ်ဖော်
ပြောဆိုချက်အရ Music Zone ရှိမဝါဝါမွန်၊ မမိုးမိုးအောင်တို့အပါအဝင် Music Zone ရှိ ဝန်ထမ်းများအား နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်များယူကာ ကျန်းမာရေးဌာနမှ စစ်ဆေးရာတွင် ၉ ရက်နေ့ နံနက်ပိုင်းတွင် ရောဂါပိုးတွေ့ရှိသူ(၁၄) ဦး၊ ညပိုင်းတွင် ရောဂါပိုးတွေ့ရှိသူ (၇၂)ဦး စုစုပေါင်း (၈၆)ဥိး၊တို့ကိုဖောင်ကြီးကိုဗစ်ကုသရေးစင်တာသို့ ၂ ကြိမ်ခွဲ၍ ပို့ဆောင်ခဲ့ပြီး ၊ Nagative၂၇ ဦးကိုဆိုင် အတွင်းHome Quarantine ထားရှိခဲ့ရခြင်းဖြစ်သည် ။

အဆိုပါ Mudic Zone မှ ကိုဗစ်ရောဂါကူးစက်မှု့ဖြစ်ပေါ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့နယ်တိုင်ဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးထံဆက်သွယ်မေးမြန်းရာတွင် –

” Music Zone ပိုင်ရှင်ကို သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်တရားစွဲဖို့ ကျွန်တော်တို့ မြို့နယ် ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်၊ အရင်က ဇဝနအုပ်ချုပ်ရေးမှူးကိုတာဝန်ပေးအပ်ဖို့ဆုံးဖြတ်ခဲ့တာမှန်ပေမယ့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့အတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာပါ ” ဟု သင်္ဃန်းကျွန်းမြို့နယ်တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးက ပြောသည်။

၂၀၁၃ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင်ပြဌာန်းသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥအဒေတွင် မည်သူမဆို ဆန်းစစ်ချက်မပြုဘဲ ပေါ့ဆစွာဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်ဆစ်စုံတစ်ရာ ကျရောက်နိုင်သည်ကိုသိလျှက်နှင့် တမင်ပြုလုပ်မှုေ
ကြာင့်ဖြစ်စေသဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သိုမဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိ
လျှင် ထိုသူကို(၃)နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် ဟုပြဌာန်းထားသည်။

ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပေါ်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် ရှိ Music Zone ပိုင်ရှင်ဦးဇော်မင်းနှင့် မန်နေဂျာမျိုးဇော်ကိုတို့ အ
ား အရေးယူပေးပါရန် သင်္ဃန်းကျွန်းမြို့နယ်
Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီ တွဲဘက်အတွင်းရေးမူးဒေါက်တာ စောအောင်ရွှေဖြူ ကတရားလိုပြုလုပ်တိုင်ကြားချက်အရ သင်္ဃန်းကျွန်းမြို့နယ် မြို့မရဲစခန်း မှ (ပ)၁၀၅၃/ ၂၀၂၀ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၅ ဖြင့် အမှုဖွင့်လှစ်၍တရားဆွဲတင်ပို့နိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မင်းထွဏ်း

 

.


Spread the love
  •  
  •  
  •  
  •  
  •  
  •