N95 Mask များကို ပိုးသတ်၍ ပြန်လည်အသုံးပြုနည်းများ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

★ N95 Mask များကို ပိုးသတ်၍ ပြန်လည်အသုံးပြုနည်းများ။ ★

Stanford Medicine, American College of Emergency Physicians, Nebraska Medicine တို့ရဲ့ရေးသားချက်ကို အခြေခံပြီးပြောပါမယ်။

(၁) UVC ခရမ်းလွန်ရောင်ခြည် C ကိုသုံး၍ပိုးသတ်ခြင်း။

ခရမ်းလွန်ရောင်ခြည် (260 – 285 nm) လှိုင်းအလျားအလင်းထဲမှာ မိနစ် ( ၆၀ )ကြာထားရင်ကျိန်းသေ 🦠 ပိုးတွေသေပါတယ်တဲ့။

တကယ်တော့ မီးချောင်းရဲ့ အလင်းပြင်းအားနဲ့ အကွာအဝေးကလည်းစကားပြောပါတယ်။ အဲ့ဒီအကြောင်းကို သပ်သပ်ရေးပါမယ်။

👉 သူတို့ဆီမှာက အခန်းတစ်ခုထဲမှာ ကြိုးတန်းတွေအပြိုင်အထက်အောက်တန်းလိုက်တယ်။ ပြီးရင် N95 Mask တွေကို ကြိုးတန်းမှာ ကလစ်တွေနဲ့တွဲပြီး လိုက်ချိတ်တယ်။ ရှေ့ဘက်နဲ့နောက်ဘက်နှစ်ဖက်စလုံးကနေ UV အလင်းပေးပြီး တစ်နာရီကြာထားလိုက်တယ်။

ပထမအသစ်ကိုသုံးတာ ၁ ကြိမ်နဲ့ UV နဲ့ပိုးသတ်ပြီး ပြန်သုံးတာက ၃ ကြိမ်။ N95 Mask တစ်ခုကို စုစုပေါင်း ၄ ကြိမ်သုံးတယ်။

အသစ်မှာ Filteration efficiency 96.76% ရှိခဲ့ရင် UV နဲ့ မိနစ် ၃၀ ကြာပိုးသတ်အပြီးမှာ 95.50% ဖြစ်သွားတော့ သုံးလို့ရတယ်။

(၂) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အငွေ့ H2O2 (VHP) နဲ့ ပိုးသတ်ခြင်း။

အခန်းတစ်ခန်းထဲမှာ N95 Mask တွေကို စင်တွေ၊ တန်းတွေပေါ်မှာတင်ပြီး အခန်းထဲကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အငွေ့ကို ၁၀ မိနစ်ကြာလွှတ်ပြီး ပိုးသတ်ပါတယ်။

အမြန်ဆုံးနည်းဖြစ်ပါတယ်။ သို့သော်ကျနော်တို့ဆီမှာလုပ်ဖို့လွယ်ပါ့မလား?

H2O2 0.5% ကို fog machine နဲ့ ပိုးသတ်ရတာလွယ်တယ်လို့ လုပ်ဖူးတဲ့သူတွေကဆိုပါတယ်။

အဲ့ဒီနည်းကလည်း ပထမအသစ်ကိုသုံးတာ ၁ ကြိမ်နဲ့ ပိုးသတ်ပြီး ပြန်သုံးတာက ၃ ကြိမ်။ N95 Mask တစ်ခုကို စုစုပေါင်း ၄ ကြိမ်သုံးလို့ရပါတယ်။

(၃) အပူချိန် 70 ဒီဂရီစင်တီဂရိတ်နဲ့ တစ်နာရီကြာအပူပေးပြီးပိုးသတ်နည်း။

​N95 Mask တွေကို မုန့်ဖုတ်တဲ့ Oven လိုမျိုးထဲ အပူချိန် 70 ဒီဂရီစင်တီဂရိတ်နဲ့ တစ်နာရီကြာအပူချိန်ပေးပြီးပိုးသတ်လို့လည်းရပါတယ်။

အဲ့ဒီနည်းက ပထမအသစ်ကိုသုံးတာ ၁ ကြိမ်နဲ့ ပိုးသတ်ပြီး ပြန်သုံးတာက ၂ ကြိမ်။ N95 Mask တစ်ခုကို စုစုပေါင်း ၃ ကြိမ်သုံးလို့ရပါတယ်။

(၄) ဆေးရုံသုံးပိုးသတ်တဲ့ Autoclave နဲ့ပိုးသတ်နည်း။

ဆေးရုံသုံးပိုးသတ်တဲ့ Autoclave ပေါင်းအိုးထဲမှာ အပူချိန် 121 ဒီဂရီစင်တီဂရိတ်နဲ့ ၁၅ မိနစ် ကြာအောင်ပေါင်းပြီးလည်း ပိုးသတ်လို့ရပါတယ်။

စုစုပေါင်း ၂ ကြိမ်ကနေ ၁၀ ကြိမ်အထိပြန်သုံးလို့ရနိုင်ပါသတဲ့။

(၅) သူ့အလိုလိုပိုးသေအောင်အချိန်စောင့်ခြင်း။

N95 Mask ( ၄ ) ခုကိုယူပြီး 1-Nov, 2-Nov, 3-Nov, 4-Nov လို့ သတ်မှတ်ပါ။

၃ ရက်ကြာ = ⏰ ၇၂ နာရီကြာရင် သူ့အလိုလို N95 Mask ပေါ်မှာပိုးသေပါသတဲ့။ (ကျနော်ကတော့ အခန်းအပူချိန် 25 degree C အထက်ရှိတဲ့နေရာဖြစ်ရမယ်လို့ ဖြည့်စွက်လိုပါတယ်။)

1-Nov ကို နိုဝင်ဘာလ ၁ ရက်နေ့ဝတ်ပါ။ ၂ ရက်နေ့မှာ 2-Nov ကိုဝတ်ပါ။ ၃ ရက်နေ့မှာ 3-Nov ကိုဝတ်ပါ။ ၄ ရက်နေ့မှာ 4-Nov ကိုဝတ်ပါ။

ကြားထဲမှာ N95 Mask ကို စင်တစ်ခုခုပေါ်မှာ လုံးဝမထိမိအောင် တစ်ရှုးစက္ကူခံ၍ တင်ထားပါ။

၅ ရက်နေ့မှာ 1-Nov ကိုပြန်ဝတ်ပါ။ ၆ ရက်နေ့မှာ 2-Nov ကိုပြန်ဝတ်ပါ။ ၇ ရက်နေ့မှာ 3-Nov ကိုပြန်ဝတ်ပါ။ ၈ ရက်နေ့မှာ 4-Nov ကိုပြန်ဝတ်ပါ။

အဲ့ဒီနည်းက ပထမအသစ်ကိုသုံးတာ ၁ ကြိမ်နဲ့ ပိုးသတ်ပြီး ပြန်သုံးတာက ၅ ကြိမ်။ N95 Mask တစ်ခုကို စုစုပေါင်း ၆ ကြိမ်ထက်မပိုပဲသုံးလို့ရပါတယ်တဲ့။

❌ ကျန်တဲ့နှစ်နည်းကတော့ Ethanol 75% နဲ့ဆေးပြီး အခြောက်ခံတာ နဲ့ Bleach လို့ခေါ်တဲ့ ချွတ်ဆေးရည်နဲ့ဆေးတာ (သို့မဟုတ်) ကလိုရင်းပါတဲ့ပိုးသတ်ဆေးရည်နဲ့ဆေးတာ။

❌ အဲ့ဒီနှစ်နည်းလုံးကို မသုံးစွဲဖို့ပြောထားပါတယ်။ Static-charged cotton ရဲ့ Filteration efficency % မူလ 78.01 % ကနေ 29.24 % အထိကျသွားလို့ပါ။

ဒါဆိုရင် N95 Mask အစစ်တွေကို ပြန်လည်အသုံးပြုလိုရင် အထက်ပါသုံးလို့ရတာ ၄ နည်းနဲ့ပြန်သုံးလို့ရပြီး ၂ နည်းနဲ့သုံးလို့မသင့်တာကို သဘောပေါက်ကြပြီလို့ ထင်ပါတယ်။

👉 N95 Mask တွေရဲ့#အပြင်ဘက်မျက်နှာပြင်မှာ Static-charged effect ရအောင်ရယ် ပိုးသတ်အောင်ရယ် coating တွေသုတ်လိမ်းထားတတ်ပါ၍ #စတပ်ချိန်မှာလက်နဲ့မထိမိမပွတ်မိဖို့ဂရုပြုကြပါ။ 👈

Richard Myo Thant
30-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •