NLD ကား စတစ်ကာ အလှဆင်ပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပမည်
NLD ကား စတစ်ကာ အလှဆင်ပြိုင်ပွဲကို WE LOVE MANDALAY အဖွဲ့က မန္တလေးမြို့တွင် ကိုဗစ်ကာလ စည်းကမ်းများနှင့်အညီ ကျင်းပမည်ဖြစ်ရာ မန္တလေးခရိုင်အတွင်းရှိ အိမ်စီးကား(မော်တော်ယာဉ်)များအနေဖြင့် NLD ကား စတစ်ကာ အလှဆင်၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။
NLD ကား စတစ်ကာ အလှဆင်ပြိုင်ပွဲ ပြိုင်ပွဲဝင်ခွင့်ပုံစံများကို စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း(အနောက်ပေါက်)နှင့် လမ်း ၆၀ ကားရောင်းဝယ်ရေးစခန်းတို့တွင် အခမဲ့ထုတ်ယူနိုင်ပြီး စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီနောက်ဆုံးထား၍ ပြိုင်ပွဲဝင်ခွင့်ပုံစံ တင်ရမည်ဖြစ်သည်။
NLD ကား စတစ်ကာ အလှဆင်ပြိုင်ပွဲ ဆုပေးပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီတွင် မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းတွင် ကျင်းပမည်ဖြစ်သည်။
ဆက်သွယ်စုံစမ်းရန်
https://www.facebook.com/welovemandalay.mdy/
#TheMandalayNewsJournal