NLD ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလှိုင် ၂၃ ရက်မှသာ တရားဝင်ထုတ်ပြန်ကြေညာပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလှိုင် ၂၃ ရက်မှသာ တရားဝင်ထုတ်ပြန်ကြေညာပေးမည်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးချယ်ခံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလှိုင် ၂၃ ရက်မှသာ တရားဝင်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလှိုင် ၂၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

“ ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလှိုင် ၂၃ ရက်မှသာ ထုတ်ပြန်ကြေညာပေးပါမယ်။ အစည်းအဝေး မပြီးပြတ်သေးလို့ပါ။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒီနေ့ အဖြေ မထွက်ပါဘူး၊ ၂၃ ရက်နေ့မှ ကြေညာပါမယ်။ NLD ဝက်ဘ်ဆိုဒ်ပေါ်မှာ ကြေညာပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဓာတ်ပုံ-သက်အောင်(နေပြည်တော်)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •