” NLD ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အခက်အခဲဖြစ်”ဆိုတာ မဟုတ်မမှန် သတင်းသာဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

” NLD ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အခက်အခဲဖြစ်”
ဆိုတာ မဟုတ်မမှန် သတင်းသာဖြစ်

နေပြည်တော်၊ ဇူလိုင် ၁၁

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အခက်အခဲ ဖြစ်နေကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ပြော” ဟုဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းများမှာ မှန်ကန်မှု မရှိသည့် သတင်းမှား၊ သတင်းတုများ ဖြစ်ပြီ လက်ရှိတွင် ကိုယ်စားလှယ်လောင်း များအား အဆင့်ဆင့် စနစ်တကျ စိစစ်လျက် ရှိကြောင်း သိရှိရသည်။

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လက်ရှိ ပျံ့နှံ့နေသော မဟုတ်မမှန် သတင်းတု များနှင့် ပတ်သက်၍ ယင်းအနေဖြင့် ပြောဆိုထားခြင်း မရှိကြောင်း ၄င်း၏ လူမှုကွန်ရက်တွင် ယနေ့ မွန်းလွဲပိုင်းက ရေးသားထားသည်။

“နည်းမျိုးစုံ ဖြိုခွဲ တိုက်ခိုက်လျက် ရှိပါသည် ။ အဖွဲ့ချုပ် အဖွဲ့ဝင်များ ၊ သတိကြပ်ကြပ် ထားကြ စေချင်ပါသည် ခင်ဗျား။ ကျနော် မပြောတာကို ၊ အပြော လုပ်နေပါသည်” ဟု ဒေါက်တာ အောင်မိုးညိုက ရေးသားထားသည်။

ယခု ရက်ပိုင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော “ဒေါင်း(နေပြည်တော်) နှင့် အေးအေးနု” ဆိုသူတို့၏ ရေးသားချက်များမှာ မှားယွင်းသော အချက်အလက်များ ဖြစ်ပြီး အဖွဲ့ချုပ် ခေါင်းဆောင်များ၏ အမည်နှင့် ဓါတ်ပုံများကို အသုံးပြု၍ ပြုလုပ်ထားသော သတင်းတု သတင်းမှား ပို့စ်သာဖြစ်ကြောင်း သိရှိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်များ အနေဖြင့် ကိုယ်စားလှယ်လောင်း စိစစ်ရေး လုပ်ငန်းစဉ်များအား ပုံမှန်အတိုင်း ဆက်လက် စိစစ်နေဆဲ ဖြစ်သည်။

#Peacock #2020Election #ရွေးကောက်ပွဲ #NLD #CEC


Spread the love
  •  
  •  
  •  
  •  
  •  
  •