NLD ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်က မဲဆန္ဒရှင် မိဘပြည်သူများအား နားလည်ခွင့်လွှတ်ပေးစေလိုကြောင်း ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် တောင်းပန်ရေးသား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်က မဲဆန္ဒရှင် မိဘပြည်သူများအား အနီးကပ် ထိတွေ့ဆက်ဆံခွင့် မရခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုကြောင်း ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့(စက်တင်ဘာ ၉) တောင်းပန်ရေးသားထားသည်။
မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား။
COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ယခင်ရွေးကောက်ပွဲများကဲ့သို့ မဲဆန္ဒရှင် မိဘပြည်သူများနှင့် ချစ်ခင်ရင်းနှီးစွာ အနီးကပ် ထိတွေ့ဆက်ဆံခွင့် မရခြင်းကို နားလည် ခွင့်လွှတ်ပေးစေလိုပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ နှစ်ရှည်လများ လိုလားတောင့်တနေသော ဒီမိုကရေစီအရေးအတွက် NLD ကို ထောက်ခံမဲပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။
လေးစားစွာဖြင့်
ဝင်းမြင့်
Facebook Link
https://www.facebook.com/U-Win-Myint-111419997365988/
#TheMandalayNewsJournal