NLD(ဗဟို) ဒုတိယဥက္ကဋ္ဌ-၁၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပါတီကိစ္စရပ်များအတွက် ယာယီဌာနချုပ်(ရုံးခွဲ) နေပြည်တော်သို့ ရုံးတက်ဆောင်ရွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၁၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဖွင့်လှစ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)သို့ ယနေ့(ဩဂုတ် ၁၀) မွန်းလွဲ ၃ နာရီအချိန်က ရောက်ရှိပြီး ပါတီကိစ္စရပ်များအတွက် ရုံးတက်ဆောင်ရွက်နေကြောင်း သိရသည်။
#TheMandalayNewsJournal