NLD နဲ့ နေရာပြဿနာ (ဒေါ်အောင်ဆန်းစုကြည်)  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD နဲ့ နေရာပြဿနာ (ဒေါ်အောင်ဆန်းစုကြည်)

 

နေရာနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျွန်မတို့ ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေပေါ့နော် ၊ NLD ကို ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကြားထဲမှာ နေရာလုတယ်ဆိုတာ ဘယ်တုန်းကမှ မရှိပါဘူး။ ကျွန်မတို့ရဲ့ အဓိကအမြင်က နေရာပေးဖို့ဟာ အရေးကြီးတယ်။ တစ်ယောက်အပေါ်မှာ တစ်ယောက် သစ္စာစောင့်ဖို့ဟာ အရေးကြီးတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီမစပေးဖို့ ကူညီကာကွယ်ပေးဖို့ဟာ အရေးကြီးတယ်ဆိုတဲ့ မူတွေနဲ့ ကျွန်မတို့လုပ်ခဲ့တာ ဖြစ်ပါတယ်။

 

အချင်းချင်း နေရာလုတာလည်း မရှိဘူး။ ကိုယ့်နေရာကိုပြန်ယူမယ်တို့ သူ့နေရာဘယ်သူကယူသလဲလို့ ဒါမျိုးတွေ မရှိပါဘူး။ ဒါမို့လို့ NLD ရဲ့ အစဉ်အလာဟာ နေရာလုခြင်းမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နေရာပေးတာ၊ တစ်ယောက်အပေါ်တစ်ယောက် သစ္စာစောင့်တာ၊ တစ်ယောက်ကိုတစ်ယောက်ကူညီတာ မစတာ ဒါ NLD ရဲ့ အစဉ်အလာပါ။

. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အနှစ် ၃၀ ကျော်ပြီဆိုတဲ့အခါကြတော့ အရင်တုန်းက ဖြစ်ခဲ့တာတွေကို မသိဘဲနဲ့ကို ပိုပြီးတော့ နိုင်ငံရေးလုပ်ရတာ လွယ်တဲ့ခေတ်မှာ ဝင်လာတဲ့ အဖွဲ့ဝင်တွေဟာ ဘယ်လောက်ခက်ခက်ခဲခဲနဲ့ ရပ်တည်ခဲ့ရတယ်ဆိုတာကို သိပ်ပြီးသဘောမပေါက်တာတွေရှိပါတယ်။ ဒီလို ခက်ခက်ခဲခဲနဲ့ ရပ်တည်ခဲ့ရတယ်ဆိုတာ ကျွန်မတို့ ပြည်သူတွေအတွက် လိုအပ်တဲ့အလုပ်ကိုလုပ်နေတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ကျွန်မတို့ ရပ်တည်နိုင်ခဲ့တာပါ။ အခုလည်း ဒီလိုယုံကြည်ချက်နဲ့ ဆက်ပြီးလုပ်နေတာပါ။

 

အဲလိုပြောခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မရှိလို့ ပြည်သူအတွက် မဖြစ်ဘူးလို့ အဲလိုပြောလိုတာမဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ပြည်သူအတွက် ကျွန်မတို့တတ်နိုင်သမျှလုပ်မယ်။ ကျွန်မတို့ စွမ်းဆောင်နိုင်သမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့ရဲ့ပြည်သူလူထုအတွက် ကျွန်မတို့ယုံကြည်တဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်မယ်ဆိုတံ့ ရည်ရွယ်ချက်နဲ့ ဆက်ပြီးတော့ လုပ်နေတာ ဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •