NLD နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများ ပထမဆုံး တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများ ပထမဆုံး တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများ ပထမဆုံး တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ယနေ့(ဒီဇင်ဘာ ၂၈) မွန်းလွဲပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပထမဆုံး ကချင်ပြည်နယ်သွားပါမယ်။ ပြီးရင် မွန်ကို သွားပါမယ်။ တွေ့တဲ့အခါမှာ ကျွန်တော်တို့ပါတီက ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ အရင်တွေ့ပါမယ်။ နောက် အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တွေ့ပါမယ်။ သူတို့ရဲ့ အမြင်သဘောထားတွေ သိရပြီးမှ ဒေသခံ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ စကားပြော ဆွေးနွေးကြပါမယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့အား တာဝန်ပေးထားသည်။

ဓာတ်ပုံ – သက်အောင်(NPT)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •