NLD မှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများ ဇွန်လအတွင်း ရွေးချယ်၍ စာရင်းပေးကြရန် ညွှန်ကြားထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများအား ဇွန်လအတွင်း ရွေးချယ်၍ စာရင်းပေးကြရန် ညွှန်ကြားထားကြောင်း မေ ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC) အစည်းအဝေးအပြီး မီဒီယာများအား Video Conferencing စနစ်ဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တို့၌ ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်၌ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ပါတီက တာဝန်ပေးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များ ဖြစ်ကြရတာ ဖြစ်ကြောင်း၊ ကျွန်တော်သည်ပင်လျှင် ပါတီက တာဝန်ပေးချက်အရ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ ပါတီဝင်များ NLD စိတ်ဓာတ်ဖြင့် ယုံကြည်မှုတည်ဆောက်၍ စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါကြောင်း၊ ၂၀၂၀ အောင်နိုင်ရေးအတွက်သာ အာရုံစိုက်ကြစေလိုကြောင်း၊ သူ့လူ ကိုယ့်လူ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေး ပါတီတွင်းမှာ စိတ်ဝမ်းမကွဲကြဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပါတီတွင်း တွေ့ဆုံပွဲများ၌ တိုက်တွန်းမှာကြားထားသည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •