NLD မှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းကြောင်း သိရသည်။

အခမ်းအနားတွင် လှူဒါန်းရသည့် အကြောင်းအရင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် အဆိုပါ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းမှုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့က ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း ဖြစ်သည်ဟု ဦးဝင်းထိန်ကပြောသည်။

ချစ်ကို
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •