NLD ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှုများ စက်တင်ဘာ ၈ ရက် စတင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေအစီအဖွဲ့ချုပ်(NLD) ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှုများ စက်တင်ဘာ ၈ ရက်တွင် ကိုဗစ်ကာလ စည်ကမ်းများနှင့်အညီ စတင်မည်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပြုလုပ်မည်ဖြစ်ရာ အမျိုးသားဒီမိုကရေအစီအဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှုများကို စက်တင်ဘာ ၈ ရက်နေ့တွင် ကိုဗစ်ကာလ စည်ကမ်းများနှင့်အညီ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေအစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

ပါတီအောင်နိုင်ရေး လုပ်ဆောင်ခြင်းသည် နိုင်ငံအတွက် တိုင်းပြည်အတွက် အောင်နိုင်ရေး လုပ်နေခြင်းဖြစ်သည်ကို စဉ်ဆက်မပြတ် နှလုံးသွင်းထားရမည်ဖြစ်ကြောင်း၊ နိုင်ငံအကျိုး ပြည်သူ့အကျိုး ပါတီအကျိုးအတွက် အောင်နိုင်ရေးတာဝန်ကို ပါတီဝင်တိုင်း ကျေပြွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၂၃ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ကိုဗစ်ကာလ စည်ကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ပါတီဝင်တိုင်း ပါတီအောင်နိုင်ရေးအတွက် တာဝန်ရှိကြောင်းနှင့် စည်းစည်းလုံးလုံးဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ဩဂုတ် ၂၈ ရက်က မန္တလေးမြို့တွင်
ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များနှင့် တွေ့ဆုံစဉ် လမ်းညွှန်ပြောကြားထားသည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •