NLD ရွှေဂုံတိုင် ရုံးချုပ် ယာယီပိတ်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD ရွှေဂုံတိုင် ရုံးချုပ် ယာယီပိတ်ထား

ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးကို COVID-19 ထိစပ်မှုတွေမှကာကွယ်ဖို့အတွက် ယာယီပိတ်ထားပါတယ်။

 

ဒီကနေ့မှာတော့ ရုံးချုပ်ကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ် ဆေးဖြန်းတာတွေ လုပ်ထားတယ် ပြန်ဖွင့်မယ့်ရက်ကိုတော့မသိရသေးဘူးလို့ ရုံးဝန်ထမ်းတစ်ဦးကပြောပါတယ်။

ရုံးကိစ္စတွေနဲ့ပတ်သက်ပြီး ၀၉ ၄၅၀၀၅၄၃၄၆ နဲ့ ၀၉ ၇၉၆၆၄၆၀၈၈ တို့ကိုဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •