NLD ရှမ်းပြည်နယ် ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အသတ်ခံရမှု ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ရှုံ့ချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD ရှမ်းပြည်နယ် ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အသတ်ခံရမှု ရန်ကုန်ရှိ ကုလသမဂ္ဂ ရှုံ့ချ

 

ကျောက်မဲမြို့ မဲဆန္ဒနယ်ရဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူ ဦးထိုက်ဇော် သတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက တနလာင်္နေ့မှာ ကြေညာချက်ထုတ်ပါတယ်။

ယအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ဦးထိုက်ဇော် သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဦးထိုက်ဇော် အသတ်ခံရမှုအတွက် မိသားစုမိတ်ဆွေနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရကြောင်းလည်း ဖော်ပြပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့ အမျိုးသားလွှတ်တော်အမတ်နေရာ ရွေးကောက်ခံထားရတဲ့ ဦးထိုက်ဇော်ဟာ ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၁ ရက်နေ့ စနေနေ့က နေအိမ်မှာအလုပ်လုပ်နေစဉ် သေနတ်သမားက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •