NLD-အောင်နိုင်ရေးရံပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ပုံပါကျေက်စိမ်းကုတင်ကို လေလံတင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD-အောင်နိုင်ရေးရံပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ပုံပါကျေက်စိမ်းကုတင်ကို လေလံတင်

NLD-အောင်နိုင်ရေးရံပုံငွေအသုံးပြုနိုင်ရန်အတွက်(၆ပေ*၆ပေခွဲ)အမေစု ပုံပါကျေက်စိမ်းနှစ်ယောက်အိပ်ကုတင်ကြီးကိုအခြေခံကြမ်းခင်းဈေး(၁;၀၀၀;၀၀၀-)ကျပ် (ဆယ်သိန်းကျပ်တိတိ)ဖြင့်(5-9-2020)မှ(30-9-2020) နံက် 12 နာရီတိတိအချိန်နောက်ဆုံးထား၍လေလံ အများဆုံးပေးဝယ်သူမိသားစုကိုကျွန်တော်တို့မိသားစုကဝမ်းမြောက်စွာဖြင့်လက်လွှဲပေးပါ့မယ်။

 

ခေါင်းရင်းပုံဟာ ဘယ်ညာအမေစုပုံပါရှိပြီးအလယ်တွင်NLDအမှတ်ပါရှိကာဘေးဘောင်အားငြိမ်းချမ်းရေးဖော်ဆောင်မှုဂျိုးဖြူငှက်(၁၄)ကောင် နောက်ကြောမှာငြိမ်းချမ်းရေးဂျိုးဖြူငှက် (၁)ကောင် အိပ်ယာခင်း ;ခေါင်းအုံး နှင့်ဖက်လုံးတို့အား၁၃ဆိုဒ်ကျောက်စိမ်းပုတီးအလုံးအရေအတွက်(၃၀;၀၀၀)ကျော်ဖြင့်မိမိရင်တွင်းဖြစ်ခံစားချက်အပြည့်ဖြင့်စိတ်ကူးရှိသလောက်ပုံဖော်ဖန်တီးထားပါတယ်လူကြီးမင်းအပေါင်းတို့။
လေလံအများဆုံးအောင်သည့်ငွေကို၂၀၂၀(NLD)အောင်နိုင်ရေးအတွက်ဝယ်ယူသောမိတ်ဆွေမိသားစုနှင့်အတူလှူဒါန်းမှာဖြစ်ကြောင်းအသိပေးနိုးဆော်ခြင်းဟာနိုင်ငံအတွက်ဖြစ်သလိုပြည်သူအတွက်ဆိုရင်ပိုပြီးအဓိပ္ပါယ်ပြည့်စုံမှာဖြစ်ပါတယ်။

 

မှတ်ချက် ။ ။ လေလံအောင်ရောင်းရငွေကို
မန်း/တိုင်း (NLD)အောင်နိုင်ရေးအတွက် သုံးပုံနှစ်ပုံ
စစ်ကိုင်းမြို့နယ်(NLD)အောင်နိုင်ရေးအတွက် သုံးပုံတပုံလှူဒါန်းမှာဖြစ်သည့်အတွက်ဝမ်းပန်းတသာဝယ်ယူအားပေးပါလို့ကျွန်တော်တို့မိသားစုကမျှော်လင့်ချက်ကြီးစွာဖြင့်တပျော်တပါးကြီးဆုံဆည်းရပါစေကြောင်းဖိတ်မန္တကပြုလိုက်ပါတယ်ခင်ဗျာ။

စိတ်ဝင်စားလို့ လေလံဆွဲ၍ အားဖြည့်လိုသူများ Commentတွင်ဖြစ်စေmessenger တွင်ဖြစ်စေဝင်ရောက်ဈေးပေးနိုင်ပါတယ်ခင်ဗျာ ပေးထားသော လေလံဈေးနှုန်းများကိုလည်း Shwe Nadiooအကောင့်မှာပြန်လည်ဖော်ပြပေးပါမည်ခင်ဗျာ ။


Spread the love
  •  
  •  
  •  
  •  
  •  
  •