“O” သွေးသမားတွေက အခြားသွေးအုပ်စုဝင်တွေထက် COVID-19 ကူးစက်မှုရန်ကပိုပြီးအန္တရာယ်ကင်းဝေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🧫 “O” သွေးသမားတွေက အခြားသွေးအုပ်စုဝင်တွေထက် COVID-19 #ကူးစက်မှုရန်ကပိုပြီးအန္တရာယ်ကင်းဝေးတယ်ဆိုတဲ့ သတင်းက အမှန်ပါ။

ဒီသတင်းက February လကတည်းက စင်ကာပူမှာ လူပြောသူပြောများခဲ့တဲ့ သတင်းဖြစ်နေခဲ့တာပါ။

ဒီနေ့မှ တကယ့်စမ်းသပ်မှုသတင်းကို ဖတ်ရလို့ တင်ပေးလိုက်တာပါ။

🧬 မျိုးရိုးဗီဇ စမ်းသပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ 23andMe ကလုပ်တဲ့ သုသေသနမှာ ဒီလို “အို”သွေးသမားတွေက COVID-19 ဖြစ်တာ ပိုနည်းတာကိုတွေ့ရပါတယ်တဲ့။

လူပေါင်း 750000 ဆီက မျိုးရိုးဗီဇအဖြေရလဒ်ကနေ ဒီတွေ့ရှိမှုကို ရခဲ့တာပါ။

အသေးစိတ်ကတော့ နောက်အချိန်ရမှရေးပါမယ်။

ကိုယ်တွေက “အို”သွေးသမားတွေဆိုတော့ ဒီသတင်းမျိုးအရင်တင်တာပေါ့နော်။

23andMe ကနေ လုပ်တဲ့ DNA Tourism အကြောင်း ကျနော်ရေးဖူးပါတယ်။ မဖတ်ရသေးသူများ အောက်ကလင့်မှာ ဖတ်ပါ။

COVID-19 အပြီးမှာ Travel & Tour ကို ပုံစံအမျိုးမျိုးနဲ့ ပိုလုပ်လာကြဦးမှာပါ။

👉 “အို” သွေးသမားတွေကို ပျော်အောင်သာ ပြောရတာပါ။ တကယ်တော့ 9 % ကနေ 19 % ပိုပြီး အခြားသွေးအုပ်စုဝင်တွေထက် Covid ကူးနိုင်ခြေနည်းတာပါ။

👉 ပေါ့မနေကြနဲ့ဦး။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
9-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •