💉 Oxford ကာကွယ်ဆေးကို 🇬🇧 ယူကေနိုင်ငံမှာ ဇန်နဝါရီလ ၄ ရက်နေ့ကစပြီး ထိုးပေးဖို့ ဝန်ကြီးတွေက စီစဉ်ထားတယ်လို့ဆိုပါတယ်။
အဲ့လိုထိုးပေးနိုင်ဖို့ ယူကေနိုင်ငံရဲ့ ဆေးဝါးနဲ့ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်း MHRA ရဲ့ ခွင့်ပြုချက်လိုပါတယ်။
အဲ့ဒီ MHRA ရဲ့ခွင့်ပြုချက်ဟာ ဒီနေ့တနင်္ဂနွေနေ့ကျမယ်လို့ မျှော်လင့်ထားပါတယ်။
မနေ့က စနေနေ့ညက Oxford ကာကွယ်ဆေးကို လိုင်စင်ခံထုတ်သူ AstraZeneca ရဲ့ chief executive က သူတို့ရဲ့ကာကွယ်ဆေးဟာ Pfizer နဲ့ Moderna တို့ရဲ့ကာကွယ်ဆေးလောက် အာနိသင်ရှိတယ်လို့ဆိုပါတယ်။
သူတို့အနေနဲ့ အောင်မြင်မယ့် ဖော်မြူလာကိုထုတ်ထားပြီးပြီလို့ဆိုပေမယ့် မကြာခင်ထုတ်ပြန်ကြေညာမှာမို့ အခုမပြောသေးပါတဲ့။
Oxford ကာကွယ်ဆေးဟာ dose နှစ်မျိုးကွဲပြီး ရလဒ်နှစ်မျိုးထွက်ခဲ့လို့ ပညာရှင်တွေက မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
ဒီအကြောင်းလည်း ကျနော်အသေးစိတ်ရေးဖူးလို့ပြန်မရေးတော့ပါ။
Oxford – AstraZeneca က ဘယ်လို dose နဲ့ထိုးမယ်လို့ သူတို့ရဲ့ winning formula ကိုကြေညာတော့မှ ထပ်အသိပေးပါမယ်။
🇬🇧 ယူကေနိုင်ငံအစိုးရက Oxford ကာကွယ်ဆေးရော Pfizer ရဲ့ကာကွယ်ဆေးကိုရော ပြည်သူလူထုကိုထိုးပေးမှာပါ။
🇲🇲 မြန်မာနိုင်ငံအစိုးရက 🇮🇳 အိန္ဒိယမှာသွားဝယ်ဖို့ညှိနှိုင်းတာက Oxford ကာကွယ်ဆေးဖြစ်မှာပါ။
နောက်အပတ်ထဲမှာ Oxford ကာကွယ်ဆေးကို 🇮🇳 အိန္ဒိယမှာ အသိအမှတ်ပြုမယ်ကြားပါတယ်။
ယူကေကအသိအမှတ်ပြုတာနဲ့ အိန္ဒိယနဲ့ မြန်မာလိုနိုင်ငံတွေမှာလည်း အသိအမှတ်ပြုဖို့ လမ်းပွင့်သွားပါပြီ။
အဲ့ဒါဆိုရင်မြန်မာနိုင်ငံအတွက်လည်း #နိုင်ငံတကာအသိအမှတ်ပြုကာကွယ်ဆေးရဖို့နီးစပ်လာပါပြီ။
နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ Oxford ကာကွယ်ဆေးကို ထိုးနှံပေးဖို့စီစဉ်တယ်ဆိုရင် အလွန်ကောင်းတဲ့အစီအမံလို့ထောက်ခံပါတယ်။
အရေးကြီးတာက ကျနော်တို့မှာ ကာကွယ်ဆေးဝယ်ဖို့ငွေရှိမရှိ မသိရပါ။
ကျနော်တို့မှာ ကာကွယ်ဆေးဝယ်ဖို့ရန်ပုံငွေမရှိရင် မြန်မာပြည်တစ်ခုလုံးစိတ်ချရအောင် ၂ နှစ်အနည်းဆုံးထိုးယူရမယ်လို့ မြင်ပါတယ်။ အခြေအနေအရငွေရှိရင်ရှိသလို ပြောင်းနိုင်ပါတယ်။
တကယ်တော့လူတိုင်းကို သေချာထိုးနှံဖို့က အသေအချာကြိုတင်စီစဉ်ဖို့လိုပါတယ်။
Oxford – AstraZeneca ကာကွယ်ဆေးဟာ အနည်းဆုံး ၆၀ % ကနေ ၉၀ % အထိထိရောက်မှုအာနိသင်ရှိပါတယ်။
သူတို့ optimum formula အသင့်လျှော်ဆုံးဖော်မြူလာကိုဘယ်လိုထုတ်ထားသလဲကို စိတ်ဝင်စားပါတယ်။
နောက်တစ်ခုက သူ့ကာကွယ်ဆေးက #ဈေးသက်သာတော့ဝင်ငွေနည်းပါးတဲ့နိုင်ငံတိုင်းအတွက်မျှော်လင့်ချက်ပါ။
အခုယူကေနိုင်ငံမှာ ဆေးရုံ ၈၃ ရုံနဲ့ ဆေးခန်း ၄၀၀ မှာ Oxford ကာကွယ်ဆေးကို Pfizer ကာကွယ်ဆေးနဲ့အတူထိုးနှံပေးဖို့ စီမံနေတာပါ။ နောက်ထပ် ဆေးခန်း ၂၀၀ မှာလည်း ရမယ်လို့ဆိုပါတယ်။
Richard Myo Thant
27-December-2020