Oxford ကာကွယ်ဆေးက ဗိုင်းရပ်စ်သန္ဓေကွဲအသစ်ကိုကာကွယ်နိုင်မယ်လို့ဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇬🇧 Oxford ကာကွယ်ဆေးက #ဗိုင်းရပ်စ်သန္ဓေကွဲအသစ်ကိုကာကွယ်နိုင်မယ်လို့ဆိုပါတယ်။

🦠 B.1.1.7 lineage ကိုဗစ်ဗိုင်းရပ်စ်သန္ဓေကွဲအသစ်ဟာ အကူးစက်မြန်လို့ လူတွေကစိုးရိမ်နေကြတာပါ။

ကလေးတွေကိုပိုကူးစက်လွယ်တယ်လို့ ဖွတဲ့သူကလည်းဖွနေတော့ မိဘတွေကစိုးရိမ်ကြပါတယ်။

ကလေးတွေကိုပိုမိုကူးစက်နိုင်မလားဆိုတာ သိပ္ပံပညာရှင်ကလေ့လာနေဆဲပါ။

#ဘာလို့ကလေးတွေကိုပိုမိုကူးစက်နိုင်တယ်လို့ယူဆကြတာလဲ⁉️

ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ Spike ပရိုတိန်းနဲ့ချိတ်ဆက်နိုင်တဲ့ ACE2 receptor က လူကြီးတွေထက်လျော့နည်းလို့ #ကူးစက်နိုင်တဲ့လမ်းကြောင်းက လူကြီးတွေထက်နည်းပါတယ်။

ဒါကြောင့်ကလေးတွေမှာ ကိုဗစ်ရောဂါကူးစက်ပြင်းထန်နှုန်းနည်းပါးပါတယ်။

အခု 🦠 B.1.1.7 lineage က အရင်ထက် ၅၀ ကနေ ၇၀ ရာနှုန်းအထိ ပိုကူးစက်နိုင်တယ်လို့ တွက်ထားလို့ ကလေးတွေကို ပိုကူးစက်နိုင်မယ်လို့ တစ်ချို့ကမှန်းဆကြတာပါ။

Oxford ကာကွယ်ဆေးက #ဘာလို့သန္ဓေကွဲအသစ်ကိုလည်းကာကွယ်နိုင်မယ်လို့ပြောတာလဲ⁉️

Oxford/AstraZeneca ကာကွယ်ဆေး AZD1222 ဟာ လူ့ကိုယ်ခန္ဓာရှိ ရောဂါပိုးကိုခံနိုင်အား စနစ် (immune system) ကို ကိုဗစ်ဗိုင်းရပ်စ်ရဲ့ Spike ပရိုတိန်းအစိတ်အပိုင်းအမျိုးမျိုးကို မှတ်မိအောင် လေ့ကျင့်ပေးပါတယ်။

ဒါ့ကြောင့် 🦠 B.1.1.7 lineage ဟာ spike ပရိုတိန်းရဲ့ တစ်နေရာလေးပဲပြောင်းတာမို့ AZD1222 ထိုးထားရင် #ရောဂါပိုးကိုမှတ်မိပြီးတိုက်ဖျက်နိုင်မယ်လို့ AstraZeneca ရဲ့ ယူကေနိုင်ငံကိုယ်စားလှယ်ကပြောပါတယ်။

Oxford ကာကွယ်ဆေးဟာ ဈေးသက်သာပြီး သယ်ယူပို့ဆောင်သိမ်းဆည်းရတာ လွယ်ကူတာမို့ ဝင်ငွေနည်းပါးတဲ့ကမ္ဘာ့နိုင်ငံအများစုက အားထားနေရတာပါ။

အခု 🦠 B.1.1.7 lineage ကိုဗစ်ဗိုင်းရပ်စ်သန္ဓေကွဲအသစ်နဲ့ပတ်သက်၍ သတင်းအသစ်ကိုရသလောက်ထပ်တင်ပေးပါ့မယ်ခင်ဗျား။

https://www.facebook.com/109119807474881/posts/205086894544838/?d=n

Richard Myo Thant
23-December-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •