Oxford-AstraZeneca ကာကွယ်ဆေးကို 🇮🇳 အိန္ဒိယနိုင်ငံမှာ ခွင့်ပြုမိန့်ပေးလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇬🇧 Oxford-AstraZeneca ကာကွယ်ဆေးကို 🇮🇳 အိန္ဒိယနိုင်ငံမှာ #ခွင့်ပြုမိန့်ပေးလိုက်ပြီဖြစ်ပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံမှာ Central Drugs Standard Control Organization (CDSCO) ဆိုတာရှိပါတယ်။

ဗဟိုဆေးပစ္စည်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့အစည်းပါ။ အဲ့ဒီအဖွဲ့အစည်းကနေပြီး ခွင့်ပြုချက်ပေးခဲ့တာပါ။

ကမ္ဘာ့လူဦးရေဒုတိယအထူထပ်ဆုံးဖြစ်တဲ့ 🇮🇳 အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေးကိုအမြန်ထိုးပေးချင်နေပါပြီ။

ကိုဗစ်ကာကွယ်ဆေးကိုမြန်မြန်ထိုးပေးကာ မြန်မြန်ကာကွယ်နိုင်လေ ရောဂါကပ်ဆိုးကြီးကနေ မြန်မြန်ရုန်းထွက်နိုင်ကာ မြန်မြန်စီးပွားရေးနလံထူနိုင်လေ ဖြစ်ပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံဟာ 🇬🇧 ယူကေနဲ့ 🇦🇷 အာဂျင်တီးနားပြီးရင် Oxford ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံမှာ နောက်အပတ်ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၆ ရက်နေ့ကစတင်ပြီး ကာကွယ်ဆေးထိုးပေးမယ်လို့ သတင်းထွက်နေပါတယ်။

လောလောဆယ် အဲ့ဒီကာကွယ်ဆေးကို အိန္ဒိယရဲ့ Serum Institue က ထုတ်လုပ်ပေးနေပါတယ်။

Serum Institue of India ရဲ့လက်ထဲမှာ လောလောဆယ် stock အနေနဲ့ doses သန်း ၅၀ စာရှိပါတယ်။

Serum Institue of India ဟာ အိန္ဒိယပြည်တွင်းအတွက်အရင်ဦးစားပေးထုတ်လုပ်မှာဖြစ်ပါတယ်။

ဒုတိယဦးစားပေးကတော့ တောင်အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေဖြစ်ပါတယ်။

ကျနော်တို့ဟာ အိန္ဒိယနဲ့အိမ်နီးချင်းဖြစ်တာကြောင့် ဦးစားပေးခံရမှာသေချာပါတယ်။

🇬🇧 ယူကေနိုင်ငံမှာတော့ AstraZeneca ဟာ နောက်အပတ်ကစပြီး ၁ ပတ်ကို doses ၂ သန်းနှုန်းနဲ့ ယူကေမှာ အင်တိုက်အားတိုက်ဖြန့်ဖြူးပေးမယ်လို့ဆိုပါတယ်။

🇬🇧 ယူကေအစိုးရဟာ ကူးစက်မှုမြင့်တဲ့ 🦠 ဗီဇကွဲအသစ်ကြောင့်စိုးရိမ်နေပြီး ကာကွယ်ဆေးကိုမြန်မြန်ထိုးပေးဖို့လုပ်နေတာဖြစ်ပါတယ်။

သူတို့ဆီမှာကျယ်ကျယ်ပြန့်ပြန့်ထိုးဖြစ်လေ ကျနော်တို့အတွက်ကောင်းလေပါ။

ကိုယ့်အလှည့်မရောက်ခင် ကာကွယ်ဆေးကိုကျယ်ကျယ်ပြန့်ပြန့်လေ့လာစမ်းသပ်ပြီးသားဖြစ်သွားပါမယ်။

ဒီလိုပဲကြံဖန်စိတ်ဖြေရတာပေါ့။

Richard Myo Thant
2-January -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •