Oxford/AstraZeneca ရဲ့ကာကွယ်ဆေး မကြာခင်ရက်သတ္တပတ်တွေအတွင်း ရလဒ်အဖြေသိရမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇬🇧 Oxford/AstraZeneca ရဲ့ကာကွယ်ဆေးဟာ #မကြာခင်ရက်သတ္တပတ်တွေအတွင်း ရလဒ်အဖြေသိရမယ်လို့ဆိုပါတယ်။

Within weeks ဆိုတဲ့အတွက် ဘယ်လောက်ကြာမလဲမသိရပေမယ့် within months ထက်စာရင်နီးစပ်လာပြီပေါ့။

တနင်္လလာနေ့က Oxford ကိုဗစ်ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် Sir John Bell က BBC ရဲ့ One Programme မှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

First interim analysis က ဒေတာတွေဟာ အလွန်နီးကပ်တဲ့ကာလ (very near future) မှာရပါတော့မယ်တဲ့။

ကာကွယ်ဆေးအတွက်ရာစုနှစ်ပေါင်းများစွာကြိုးစားသော်လည်း မရသေးတဲ့ရောဂါတွေရှိပါတယ်တဲ့။

ဥပမာ – Malaria ငှက်ဖျား၊ HIV ကိုယ်ခံစွမ်းအားကျရောဂါ တွေမှာ ကာကွယ်ဆေးမရသေးပါ။

ဒါပေမယ့် Covid-19 အတွက်ဝမ်းသာစရာက ကာကွယ်ဆေးဟာ #အလွန်ကောင်းတဲ့စမ်းသပ်မှုရလဒ်တွေ တွေ့နေရတဲ့အတွက်အောင်မြင်မှာပါတဲ့။

အဓိကက အားလုံးပစ်မှတ်ထားအာရုံစိုက်နေတဲ့ 🦠 ကိုဗစ်ဗိုင်းရပ်စ်ရဲ့ S protein ကိစ္စအောင်မြင်ပြီး ကာကွယ်ဆေးကနေ လုံလောက်တဲ့ antibodies အလုံအလောက်ရရှိမယ့်ပုံတွေ့နေရလို့ဖြစ်ပါတယ်။

🇺🇸 အမေရိကန် Pfizer က ကာကွယ်ဆေးဟာ ၉၀ ရာနှုန်းကျော် အောင်မြင်မှုရလဒ်ရှိနေပြီး အမေရိကန် FDA ကိုမကြာခင်တင်တော့မယ်လို့ သတင်းထွက်ပြီးနောက် တကမ္ဘာလုံးကဝမ်းသာခဲ့ကြပါတယ်။

မနေ့ကဆိုရင် စတော့ရှယ်ယာဈေးကွက်မှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၂ သန်း ($2 trillion) နီးပါးအထိကို အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

လူတွေအားလုံးက ကိုဗစ်ကာကွယ်ဆေးဟာ #တကယ်အောင်မြင်တော့မယ်လို့ သိရချိန်မှာ အမှောင်ထုထဲကနေ ရောင်နီသမ်းလာတာမြင်လိုက်ရလို့ဖြစ်ပါတယ်။

🇺🇸 Moderna ကလည်း အမေရိကန် FDA ကို ဒီလကုန်တင်နိုင်လိမ့်မယ်လိုဆျုထားပါတယ်။

ဒီနှစ်မကုန်ခင်မှာ ယုံကြည်စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေး (၃) မျိုးပေါ်လာမှာကျိန်းသေသလောက်ရှိနေပါကြောင်း။

Richard Myo Thant
11-November -2020


Spread the love
  •  
  •  
  •  
  •  
  •  
  •