“Pfizer က ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ဆေးဖြန့်ချိမှုယာယီလျှော့ချမှာမို့ဥရောပသမဂ္ဂတိုင်းပြည်များစိုးရိမ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“Pfizer က ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ဆေးဖြန့်ချီမှုယာယီလျှော့ချမှာမို့ဥရောပသမဂ္ဂတိုင်းပြည်များအလွန်စိုးရိမ်”

January 16 ,2021

တကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)
ရောဂါထုတ်လုပ်ဖြန့်ချီမှုဟာ သောကြာနေ့က
အဓိကထိုးနှက်ခံခဲ့ရပါတယ်။ဘယ်လ်ဂျီယံရှိ
အဓိကစက်ရုံက လုပ်ငန်းဆောင်တာတွေ ကြောင့် နောက်၃ပတ်ကနေ၄ပတ်အတွင်းမှာ
ကာကွယ်ဆေးကိုသင်္ဘောနဲ့တင်ပို့မှုတွေ
နှောင့်နှေးလိမ့်မယ်လို့Pfizerကုမ္ပဏီကပြောဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။
ဂျာမနီက BioNTech ကုမ္ပဏီနဲ့အတူထုတ်လုပ်တဲ့ကာကွယ်ဆေးကို
ဖေဖော်ဝါရီလလယ်ကစပြီးထုတ်လုပ်မှုစွမ်းအားတိုးမြင့်လာစေရန်အတွက် ပူးရ်(စ်)စက်ရုံ
မှာပြင်ဆင်မွမ်းမံမှုတွေဆောင်ရွက်ဖို့လိုအပ်နေတယ်လို့Pfizerကုမ္ပဏီကပြောပါတယ်။
ဖေဖော်ဝါရီနှောင်းပိုင်း နဲ့မတ်လလောက်မှာ ထုတ်လုပ်ဖြန့်ချီမှုတွေ
“သိသိသာသာတိုးမြင့်”လာမှာပါလို့အမေရိကန်
ဆေးကုမ္ပဏီအုပ်စုက​ ကတိပြုခဲ့ပါတယ်။
ဥရောပသမဂ္ဂ ၆နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများက ဥရောပကော်မရှင်ကိုပေးပို့ခဲ့တဲ့စာတစောင်ကို
လက်မှတ်ရေးထိုးခဲ့ပြီး Pfizer-BioNTech
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေးထုတ်လုပ်ဖြန့်ချီရာမှာ နှောင့်နှေးကြန့်ကြာမှုအတွက်
“အလွန်အမင်းစိုးရိမ်”ကြောင်းဖော်ပြထား
ပါတယ်။
ဒိန်းမတ်၊အက်စတိုနီးယား၊လတ်ဗီယာ၊
ဖင်လန်၊လစ်သူရေးနီးယား နဲ့ ဆွီဒင်နိုင်ငံက
ဝန်ကြီးများက သူတို့ရဲ့စာထဲမှာ ဒီအခြေအနေဟာလက်ခံနိုင်စရာမရှိဘူးလို့
ပြောဆိုခဲ့ပြီး၊ကာကွယ်ဆေးထုတ်လုပ်မှုနည်းစဉ်နဲ့ပတ်သက်လို့အများရဲ့ယုံကြည်လက်ခံနိုင်စွမ်းကို
လျှော့ကျစေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
“ဥရောပသမဂ္ဂဟာ အခုအချိန်မှာPfizer
ကာကွယ်ဆေးကို အလွန့်အလွန် မှီခို အားထား
နေကြပါတယ်။”လို့ France-24ရဲ့သတင်းထောက် ဒေ့ဗ်ကိတင်း က
ပြောဆိုပါတယ်။
ဥရောပသမဂ္ဂ အကြီးအကဲ အာဆူလာဗွန် ဒါ လေယင်(န်) က Pfizerကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်(CEO)
ဟာ ဒီအုပ်စုကမှာယူထားတဲ့ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်ဆေးအားလုံးကို ၂၀၂၁ခုနှစ်ပဌမ၃လမှာ ပို့ပေးဖို့ကတိပြုထား
တယ်လို့ပြောဆိုခဲ့ပါတယ်။
“ကျွန်မလည်း ရှင်တို့လူအများလိုပဲ
Pfizerကကြေညာခဲ့တဲ့ နှောင့်နှေးကြန့်ကြာမယ်ဆိုတဲ့သတင်းကိုရခဲ့ပါ
တယ်။”လို့ ဗွန် ဒါ လေယင်(န်)က ပေါ်တူဂီမှာကျင်းပတဲ့ သတင်းစာညီလာခံတခုမှာ ပြောပါတယ်။
“ကျွန်မ Pfizerကအမှုဆောင်အရာရှိချုပ် ကို ချက်ချင်း
ဖုန်းဆက်ပါတယ်။သူက နောက်အပတ်တွေမှာထုတ်လုပ်မှုနှောင့်နှေး
မယ်လို့ ရှင်းပြပါတယ်။ဒါပေမဲ့ ပဌမ၃လပတ်မှာရမယ်လို့အာမခံချက်ပေးထားတဲ့ကာကွယ်ဆေးတွေအားလုံးကို ပဌမ၃လမှာ
ရရှိဖို့ ထပ်ပြီးအသေအချာကတိပေးခဲ့ ပါတယ်။”လို့သူမကပြောပါတယ်။
“အချိန်တိုအတွင်းမှာပဲ ဥရောပကော်မရှင် နဲ့
ထိုကော်မရှင်ကတဆင့် ပူးရ်(စ်)စက်ရုံမှာ ပြင်ဆင်မွမ်းမံမှုတွေလုပ်ရမှာမို့ နောက်၃ပတ်
၄ပတ်ကြာအောင် လိုအပ်တဲ့ကာကွယ်ဆေးအရေအတွက်ကို
ပြည့်မီအောင်Pfizerကပို့ပေးနိုင်မှာမဟုတ်ဘူးလို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို
အကြောင်းကြားခဲ့ပါတယ်။”လို့ ဂျာမန်ကျန်းမာ
ရေးဝန်ကြီးကအစောပိုင်းကပြောဆိုခဲ့ပါတယ်။
နှောင့်နှေးကြန့်ကြာမဲ့သတင်းနဲ့ ပတ်သက်ပြီး
‘နော်ဝေးဂျီယန် ပြည်သူ့ကျန်းမာရေးသိပ္ပံ’
(FHI)မှသောကြာနေ့အစောပိုင်းကထုတ်ပြန်
ချက်မှာ “ကျွန်တော်တို့ဒီသတင်းကို ဒီနေ့
မနက် ၁၀နာရီမတိုင်ခင်ကလေး(0900GMT)
မှာရခဲ့ပါတယ်။ကျွန်တော်တို့ဟာ ၃ပတ်မြောက်
မှာ(နောက်အပတ်မှာ)Pfizerက ကာကွယ်ဆေးအလုံးရေ ၄၃၈၇၅ လုံးရမယ်လို့
မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့ အခုတော့ ၃၆၀၇၅
လုံးသာရတော့မဲ့ပုံပေါ်တယ် လို့ပြောဆိုထား ပါတယ်။
ကာကွယ်ဆေးဖြန့်ချီမှုလျှော့ကျသွားရခြင်း
ဟာPfizerကဆေးထုတ်လုပ်မှုကန့်သတ်လိုက်တာကြောင့်ဖြစ်ပါတယ်။အဲ့သလိုလုပ်ရခြင်းဟာ လောလောဆယ်မှာ
တနှစ်ကိုကာကွယ်ဆေး ၁.၃ ဘီလျှံ ထုတ်လုပ်နိုင်စွမ်းရှိနေရာကနေ တနှစ်ကို ၂ဘီလျှံအထိ တိုးမြှင့်ထုတ်လုပ်နိုင်အောင်ထုတ်လုပ်နိုင်စွမ်းအားကိုအဆင့်မြှင့်တင်
ပြုပြင်မွမ်းမံနေတာကြောင့်ဖြစ်ပါတယ်။လို့
FHIကပြောပါတယ်။
“ကာကွယ်ဆေးရဖို့ယာယီ နှောင့်နှေးကြန့်ကြာသွားသွားတာဟာဥရောပနိုင်ငံအားလုံးအပေါ်အကျိုးသက်ရောက်ခဲ့ ပါတယ်။”လို့FHIကပြောပါတယ်။
“Pfizerကကာကွယ်ဆေးထုတ်လုပ်မှုအမြင့်ဆုံးစွမ်းရည်ကိုနောက်တကြိမ်ပြန်ရတဲ့အထိ အချိန်
ဘယ်လောက်ကြာအုန်းမလဲဆိုတာတော့အခုအထိရှင်းရှင်းလင်းလင်းမသိရသေးဘူး။”
လို့ လည်းပြောဆိုပါတယ်။

Ref: FRANCE-24 With AFP and REUTERS


Spread the love
  •  
  •  
  •  
  •  
  •  
  •