Public Health Laboratory Mandalay(Bio Safety Level 2 +) ဓာတ်ခွဲခန်းသစ် ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတကာ အဆင့်မီ Public Health Laboratory Mandalay(Bio Safety Level 2 +) ဓာတ်ခွဲခန်း အဆောက်အအုံသစ် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီက ဆောက်လုပ်လှူဒါန်းသော နိုင်ငံတကာ အဆင့်မီ Public Health Laboratory Mandalay(Bio Safety Level 2 +) ဓာတ်ခွဲခန်း အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အဆိုပါ အဆောက်အအုံတည်ရှိရာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၆၅လမ်းနှင့် ၆၆လမ်းကြားတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတကာ အဆင့်မီ Public Health Laboratory Mandalay(Bio Safety Level 2 +) ဓာတ်ခွဲခန်း အဆောက်အအုံသစ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ စံချိန်စံညွှန်းများနှင့်အညီ အချိန်ကာလ (၄)လနှင့် အပြီး မန္တလေးမြို့ပြ ဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီက ငွေကျပ်သိန်းပေါင်း ၁၂,၀၀၀ ခန့် အကုန်အကျခံလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယင်းဓာတ်ခွဲခန်းတွင် Covid-19 ရောဂါနှင့် အခြားသော ဓာတ်ခွဲစမ်းသပ်မှုများကို ပြုလုပ်နိင်မည်ဖြစ်သောကြောင့် မန္တလေးမြို့သူ၊ မြို့သားများအတွက်သာမက အထက်မြန်မာပြည်တစ်ခုလုံးအတွက် အားထားရသော ဓာတ်ခွဲခန်းသစ်ကြီးတစ်ခုအဖြစ် တည်ရှိမည်ဖြစ်သည်။
ကျော်ထူး
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •