Quarantine ကာလ အသွားအလာ ကန့်သတ်မှုကို လက်ရှိအချိန်အထိ ၃ ပတ်ထားရှိရာမှ ၂ ပတ်သို့ လျှော့ချပြောင်းလဲရန်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Quarantine ကာလ အသွားအလာ ကန့်သတ်မှုကို လက်ရှိအချိန်အထိ ၃ ပတ်ထားရှိရာမှ ၂ ပတ်သို့ လျှော့ချပြောင်းလဲရန်ရှိ

“ရောဂါရဲ့ ပျိုးရက်ကလည်း ၇ ရက်ကနေ ၁၄ ရက် ဖြစ်တယ်။ ရောဂါ ကူးစက်နိုင်တဲ့ အခြေအနေကလည်း ၁၁ ရက် နောက်ပိုင်းဆိုရင် မကူးတော့ဘူးလို့ စင်ကာပူ လေ့လာမှုက ပြောတယ်။

” ဂျာမနီလေ့လာမှုအရဆိုရင် ပိုးမွေးလို့ မရတော့ဘူး လို့ ပြောတယ်။ ပြီတဲ့ ရက်ပိုင်းက ထွက်ထားတဲ့ UK လေ့လာမှုတခုမှာ သုတေသန စာစောင် ၇၉ စောင် လေ့လာပြီးတော့ လုပ်ထားတာ ရှိတယ်။ အဲဒီမှာဆိုရင် ဘယ်သုတေသန စာစောင်က ၉ ရက်နောက်ပိုင်းမှာ ပိုးမွေးလို့ မရတော့ဘူးဆိုတာ ထွက်ထားတယ်။ ပိုးမွေးလို့ မရတော့ဘူးဆိုတာက ၉ ရက် နောက်ပိုင်းဆိုရင် ကူးစက်မှု မရှိတော့ဘူး ဆိုတဲ့သဘောပေါ့”

 

“အဲဒါတွေအပေါ် အခြေပြုပြီးတော့ နောက်ပိုင်းမှာ Quarantine ကိုလည်း ၃ ပတ်ကနေ ၂ ပတ် လျှော့ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးပါတယ်။ အခုကတော့ Proposal တင်ထားတာပေါ့။ ဗဟိုအဆင့်ကနေ ဆုံးဖြတ်ချက် ကျလာပြီဆိုရင် အဲဒီအတိုင်း ပြုပြင်ပြောင်းလဲမှာ ဖြစ်တယ်။ နိုင်ငံတကာမှာလည်း ၂ ပတ်ထားတယ်။ သူ့ရဲ့ ရောဂါကူး စက်မှု အရရော ရောဂါပျိုးရက် အရရော ၂ ပတ်ထားရင် လုံလောက်တယ် ဆိုတာလည်း ဒါအတွက် Proposal တင်ထား တယ်”

ဒေါက်တာ ခင်ခင်ကြီး
ညွှန်ကြားရေးမှူး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန


Spread the love
  •  
  •  
  •  
  •  
  •  
  •