RCSS/SSA အဖွဲ့က တပ်မတော်အရာရှိနှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်ညှဉ်းပန်းခဲ့ဟုတပ်မတော် ကသတင်းထုတ်ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

RCSS/SSA အဖွဲ့က တပ်မတော်အရာရှိနှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်ညှဉ်းပန်းခဲ့ဟုတပ်မတော် ကသတင်းထုတ်ပြန်

နေပြည်တော်၊ အောက်တိုဘာ – ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ရှည်ကျေးရွာအနီးရှိ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စခန်းမှ လိုအပ်သည့်အုပ်ချုပ်မှုလုပ်ငန်းဆောင်ရွက်ရန်အတွက် ကျောက်မဲမြို့သို့ သွားရောက်သည့် အရာရှိနှစ်ဦးအား အောက်တိုဘာ ၆ ရက်တွင် မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ နောင်ပိန်ကျေးရွာအနီး RCSS/SSA အဖွဲ့မှအင်အား ၅၀ ခန့်က တပ်မတော်မှအရာရှိများ ဖြစ်ကြောင်းသိလျက်နှင့် ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်အားတားဆီးပြီး ဖမ်းဆီးသွားခဲ့သည်။

အဆိုပါ RCSS/SSA အဖွဲ့သည် အရာရှိ(၂)ဦးအားဂျီနီဗာကွန်ဗင်းရှင်းများ၏ ဘုံအာတီကယ် ၃ ၊ အပိုဒ်ခွဲ(၁)နှင့် အပိုဒ်ခွဲငယ်(က)များပါ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသလို ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ကာ အောက်တိုဘာ ၂၂ ရက်နေ့တွင် တောင်ရှည်ကျေးရွာအနီး တပ်မတော်စခန်းတစ်ဝိုက် လျှို့ဝှက်ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလနှင့် မေလတို့တွင် ကျိုင်းတုံမြို့၌ နှစ်ဖက်သဘောတူညီချက်များအရ RCSS/SSA အဖွဲ့အတွက် ဟိုမိန်းနှင့်မုံးထနယ်မြေမှ ကျော်လွန်လှုပ်ရှားခြင်းမပြုရန် သတ်မှတ်သဘောတူခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် RCSS/ SSA အဖွဲ့အနေဖြင့် သဘောတူစာချုပ်အားဖောက်ဖျက်၍ နယ်မြေကျော်လွန်လှုပ်ရှားခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဒေသခံပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခြင်းများ မကြာခဏဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့် နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ အဓမ္မဆက်ကြေးကောက်ခံမှု ၃၂ ကြိမ်၊ လူသစ်စုဆောင်းမှု ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီး နယ်မြေကျော်လွန်လှုပ်ရှားလာမှုကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှု ၇၂ ကြိမ်ဖြစ်ပွားခဲ့သည်။

RCSS/SSA အဖွဲ့အနေဖြင့် တပ်မတော်အရာရှိများဖြစ်သည်ကိုသိရှိသော်လည်း ရည်ရွယ်ချက်ရှိစွာဖြင့် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းနှင့် နယ်မြေကျော်လွန်၍ လက်နက်ကိုင်လှုပ်ရှားဆောင်ရွက်ခြင်းများသည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီထားသော သဘောတူညီချက်များကိုချိုးဖောက်ခြင်းဖြစ်ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါပြဌာန်းချက်များကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်ကြောင်းတွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(ပြည်ထောင်စုအဆင့်) Joint Ceasefire Monitoring Committee – Union Level သို့အကြောင်းကြား ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်အရာရှိမှန်းသိလျက်နှင့် ရန်လိုသည့်အပြုအမူပြုခဲ့သည့် RCSS/SSA အဖွဲ့မှ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီအရေးယူနိုင်ရေး ကျောက်မဲမြို့နယ်ရဲစခန်းသို့ လာရောက်အပ်နှံရန်လည်း လွယ်တိုင်းလျှံဌာနချုပ်သို့ သတိပေးပြောကြားထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

http://dsinfo.org/node/603

 


Spread the love
  •  
  •  
  •  
  •  
  •  
  •