SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးမှ သီပေါဟော်နန်းအား သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်သို့ လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးမှ သီပေါဟော်နန်းအား သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်သို့ လှူဒါန်း

တောင်ကြီး သီပေါစော်ဘွားဟော်နန်းအပြင် စော်ဘွားနှင့် မဟာဒေဝီတို့ ပိုင်ဆိုင်သော ပစ္စည်းများအားလုံးကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ (ရထားသူ) ဖြစ်တဲ့ တူတော် ခွန်ထွန်းဦးမှ သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ထံသို့ ဇွန်လ ၂၀ ရက်နေ့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၌ သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ပညာနန္ဒနှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ ဖြစ်သည့် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ တို့ရှေ့မှောက်မှာ ရေစက်ချလှူဒါန်းခဲ့ပါတယ်။

သီပေါစော်ဘွားဟော်နန်း လှူဒါန်းခြင်း အခမ်းအနားတွင် SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦး နှင့် ဒုတိယဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်လူကြီးမင်းများ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

Source – SNLD


Spread the love
  •  
  •  
  •  
  •  
  •  
  •