Starbucks ဟာ အမေရိကနဲ့ ကနေဒါက ထိုင်သောက်လို့ရတဲ့ ကော်ဖီဆိုင်ပေါင်း 400 ကို ပိတ်တော့မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

Starbucks ဟာ အမေရိကနဲ့ ကနေဒါက ထိုင်သောက်လို့ရတဲ့ ကော်ဖီဆိုင်ပေါင်း 400 ကို ပိတ်တော့မယ်

Starbucks #ကော်ဖီဆိုင်ဗျူဟာပြောင်းပါတယ်။ ထိုင်လို့ရတဲ့ဆိုင်ပေါင်း 400 ကို ပိတ်ပါမယ်။

🛍️ အရင်က ရှော့ပင်းထွက်ရင် အထုပ်လေးတွေချ နားလည်းနား သူငယ်ချင်းတွေနဲ့စကားလည်းများဖို့ တတ်နိုင်တဲ့သူဆိုရင် Starbucks မှာ ထိုင်ကြပါတယ်။

ကော်ဖီတစ်ခွက်၊ လက်ပ်တော့တစ်လုံးနဲ့ တစ်နေ့လုံးမထတဲ့ လူငယ်တွေလည်း ရှိပါတယ်။

အခုတော့ Starbucks က အမေရိကနဲ့ ကနေဒါက ဒီလိုထိုင်သောက်လို့ရတဲ့ ဆိုင်ပေါင်း 400 ကို ပိတ်တော့မယ်လို့ဆိုပါတယ်။

ဗျူဟာအသစ်အနေနဲ့ Starbucks က”Pickup” ဆိုင်တွေ 2020 မှာ ဆိုင် 300 လောက်ဖွင့်မယ်လို့ ဆိုပါတယ်။

နှစ်စဉ် Starbucks က အမေရိကားမှာ အငှားသက်တမ်းပြည့်လို့ ဆိုင် 100 လောက်ပိတ်ပြီး နေရာပြောင်းကာ အသစ်ပြန်ဖွင့်လေ့ရှိပါတယ်။

Starbucks ဟာ အလီဘာဘာနဲ့ပေါင်းပြီး တရုတ်ပြည်မှာ “Pickup” ဆိုင်တွေဖွင့်ခဲ့ပြီးသားပါ။

ကော်ဖီကို ဖုန်းနဲ့ကြိုမှာထား၊ ဆိုင်ထဲရောက်တာနဲ့ အော်ဒါပြ ခွက်ကိုယူပြီးရင်ထွက်၊ သောက်ချင်ရင် မတ်တပ်ရပ်သောက်။ ထိုင်ဖို့နေရာမရှိတော့ပါဘူး။

COVID-19 မဖြစ်ခင်ကတည်းက အမေရိကရှိ Starbucks ရဲ့ အော်ဒါ 80 % က Pickup အော်ဒါတွေလို့ဆိုပါတယ်။

☕ နောင်တစ်ချိန်မှာ သူငယ်ချင်းတွေအတူတူထိုင်ကာ လေပေါရင်း ကော်ဖီကောင်းကောင်း သောက်လို့ရတဲ့ ဆိုင်တွေ ရှားလာအုန်းမယ့် သဘောရှိပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
11-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •