Stars & Models Agency မှ နာရေးကူညီမူအသင်း (ရန်ုကုန်)သို့ အလှူငွေ သိန်း(၂၀)လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

Stars & Models Agency မှ နာရေးကူညီမူအသင်း
(ရန်ုကုန်)သို့ အလှူငွေ သိန်း(၂၀)လှူဒါန်း

(၅၃) နှစ်ပြည့် မွေးနေ့ကို အလှူ အတန်းတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့သည့် ဂျွန်လွင် (Stars & Models)

ဒဂုံဝေလင်း

မြန်မာနိုင်ငံ ၏ မော်ဒယ်ဖခင် တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုခံထားရသူ ဂျွန်လွင် (Stars & Models ) အနေဖြင့် ဇူလိူင်လ (၁၅) ရက်နေ့က အသက်(၅၃) နှစ်ပြည့်မြောက်ခဲ့ပြီဟုသိရသည် ။

ယင်းအနေဖြင့် မြန်မာပြည်မော်ဒယ်လောကကို ပုံဖော်ခဲ့သူတစ်ဦးဖြစ်သကဲ့သို့ နိုင်ငံကျော် အနုပညာရှင်များကိုလည်း မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်သည် ။ မွေးနေ့အလှူအဖြစ် ယခုလ ညနေ (၃) နာရီက ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ်ရှိ နာရေး ကူညီမူအသင်း(ရန်ုကုန်)သို့ အလှူငွေသိန်း(၂၀) ပေးအပ်ခဲ့ကြောင်းသိရသည် ။

 

” မွေးနေ့မှမဟုတ်ပါဖူး ကျနော်က အမြဲလိုလို ကိုယ့် ကြိုးစားမူနဲ့ ရှာထားတဲ့ ငွေနဲ့ ကျနော်ကို အလုပ်အပ်တဲ့ အလုပ်ရှင်တွေ ဆီကရတဲ့ ငွေကို အမြဲကူညီလှူဒါန်းဖြစ်တာကြာပါပြီ၊ ကိုယ်သေရင်ကိုယ်နေယက်ပါမယ့်အရာတွေကိုပဲ လုပ်ချင်တယ် ၊ အသက်ကြီးလာလေ ငါသေဖို့ ရက်ကနီးလာလေပါလားဆိုတဲ့ အတွေး တွေကို ရလာလေပဲ ၊ ကျနေယ် ဒီဘဝမှာ အကောင်းဆုံး နေထိုင် နိုင်တာ အတိတ်ဘဝက ကုသိုလ်ပြုခဲ့လို့ ဆိုတာ သိလာရတယ် ၊ အဲ့တော့ ဒီဘဝ မှာ အတက်နိုင်ဆုံး ဒုက္ခရောက်နေကြသူတွေ ကို တက်နိငင်သမျှ ကူညီပါတယ် ၊ ကျနော် ရည်ရွယ်ချက်က မရှိဆင်းရဲ သားတွေ ၊ဆေးကုသမူမတက်နိုင်တဲ့ သူတွေ ၊ အသက်ကြီးရွယ်အိုတွေကို ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်ချထားပါတယ် ၊ နေယက်လည်း အမြဲ လှူနေအုံးမှာပါ”ဟု ဆိုသည်။

ဂျွန်လွင်အနေဖြင့် လတ်တလောတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို) နှင့် အတူ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ကိုဗစ်ကာလအတွင်း ပြုလုပ်နိုင်ရန် ကြိုးစားနေပြီး ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မူရရှိလာပါက စနစ်တကျ ကျင်းပသွားမည်ဟုသိရသည် ။


Spread the love
  •  
  •  
  •  
  •  
  •  
  •