“The Legend of the Rabbit” 🐇 (ဆေးတံသောက်နေသောယုန်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“The Legend of the Rabbit” 🐇
~~~~~~~~~~~~~~~~~~~
(ဆေးတံသောက်နေသောယုန်)

မြောက်ပိုင်းအမေရိကန်ရက်ဒင်ဒီးယန်းတွေမှာရိုးရာပုံပြင်တစ်ခုရှိတယ်။

🛶 ကနူးလှေရဲ့လှော်တက်တစ်ဖက်မှာ ယုန်ဆေးတံသောက်နေပုံကိုထွင်းထားတယ်။

“Confident rabbit” လို့ခေါ်တယ်။ #ယုံကြည်မှုရှိတဲ့ယုန်ပေါ့။

လှော်တက်နောင်တစ်ဖက်မှာ သစ်နက်ပုံထွင်းထားတယ်။

ဒါဟာ Native American Indian တွေရဲ့ “The rabbit of smoking pipe” folk tale တစ်ခုပါ။

ဒီအကြောင်းကို The Edge (1997) ရုပ်ရှင်ထဲမှာလည်းပါတယ်။

ခြုံပုတ်ထဲမှာယုန်က #သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ဆေးတံသောက်နေတယ်။

ခြုံပတ်လည်မှာ Panther သစ်နက်က #ယုန်အပြင်ထွက်လာရင်ခုန်အုပ်မလို့ပတ်ချောင်းနေတယ်။

#ယုန်ကသစ်နက်ကိုမကြောက်ဘူး။

Why is the rabbit unafraid❓

‘Cause he’s smarter than the panther.

#ယုန်ကဘာလို့သစ်နက်ကလှည့်ခြောက်နေတာကိုမကြောက်တာလဲ❓

ဘာဖြစ်လို့လဲဆိုတော့ယုန်ကသစ်နက်ထက်ပိုပြီးပါးနပ်လို့ပဲ။

#ယုန်ကအပြင်မထွက်ပဲခြုံထဲမှာအသက်ရှင်လို့ရတယ်။

#သစ်နက်ကအချိန်တစ်ခုရောက်ရင်ယုန်မရှိပဲရပ်တည်လို့မရဘူး။

ကလေးတွေကိုကိုယ်လုပ်တဲ့အလုပ်ပေါ်ယုံကြည်မှုရှိစေချင်တဲ့အခါမှာ အင်အားကြီးပေမယ့်သက်တမ်းတိုတဲ့ရန်သူကိုရင်ဆိုင်တဲ့အခါမှာ လိမ်မာပါးနပ်ဖို့ ယုံကြည်မှုရှိဖို့ ဒီပုံပြင်ကိုပြောပြလေ့ရှိတယ်။

Richard Myo Thant
3-February -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •