TikTok နဲ့ ကလေးငယ် များအတွက်အန္တရာယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🎶TikTok နဲ့ #ကလေးငယ်အန္တရာယ်။
~~~~~~~~~~~~~~~~~~~~~~~~
#ကလေးငယ်တွေအသက်အန္တရာယ်ရှိလာတဲ့အတွက်မိဘတွေကိုအသိပေးချင်ပါတယ်။

🚨 မိဘတွေအားလုံးသိထားစေချင်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ၄ နှစ်သားကလေးမလေးဟာ TikTok ထဲက သူများတွေ challenge ချဲလင့်ခေါ်တဲ့အတိုင်း #လည်ပင်းမှာကြိုးပတ်ပြီးခုန်ချခဲ့ပါတယ်။

လည်ပင်းမှာ ကန့်လန့်ကာကကြိုးကို ၃ ပတ်ပတ်ပြီးခုန်ချခဲ့ရာမှာ #မိခင်အရောက်မြန်လို့ အသက်မသေပဲ #လည်ပင်းမှာကြိုးရာပဲထင်ခဲ့ပါတယ်။

မိခင်ဖြစ်သူ Mara က သူ့သမီး ၄ နှစ်သမီး Freya ကို ဘာလို့အဲ့လိုလုပ်တာလဲလို့ မေးတဲ့အခါမှာ သူ့သမီးလေးက လည်ပင်းကိုကြိုးပတ်ပြီးခုန်ချလိုက်တာ TikTok ထဲမှာ သရဲဖြစ်သွားရောတဲ့။

ဒါနဲ့သူလည်းလိုက်ခုန်ချတယ်ကြည့်တာပေါ့။ ကလေးကဘာမှမသိနားမလည်သေးဘူးလေ။ ကလေးတွေဘယ်လောက်ပဲ စမတ်ဖြစ်ဖြစ် #မှန်မှန်ကန်ကန်မဆုံးဖြတ်တတ်သေးပါဘူး။

Mara ပြောထားတာက “My innocent 4yo baby girl almost lost her life because of some stupid TikTok Video.”

“TikTok ထဲက လုပ်ပြတဲ့ ဗီဒီယိုအချို့ကြောင့် ကျမရဲ့ ၄ နှစ်အရွယ်သမီးလေး အသက်သေဆုံးမလို့ နည်းနည်းပဲလိုပါတယ်”တဲ့။

ကျမအဲ့ဒီအနားမှာရှိနေတာ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ အကယ်၍များကျမသာအနားမှာမရှိခဲ့ရင်၊ ကျမအိမ်သာဝင်နေချိန်၊ ကျမပစ္စည်းတစ်ခုခုထွက်ဝယ်ချိန်မှာများ သူဒီလို TikTok ထဲကလို လိုက်လုပ်ခဲ့ရင် ဘုရားရေ … ဘာတွေဖြစ်ကုန်မလဲ❓

Mara ကတော့ သူ့သမီးအတွက် TikTok ကိုလုံးဝပေးမကြည့်တော့ပါဘူးတဲ့။

Mara ပြောတာက #မိဘတွေအနေနဲ့ကိုယ့်သားသမီးဘာကြည့်နေသလဲဆိုတာကိုသတိထားကြည့်ကြပါတဲ့။

စင်ကာပူ၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံအသီးသီးမှာ မိဘတွေဟာ ကလေးငယ်ငြိမ်အောင် YouTube ပြထားပြီး အလုပ်ပြီးအောင်လုပ်လေ့ရှိပါတယ်။

အခုနောက်ပိုင်းမှာ ကလေးတွေဟာ TikTok ကိုလည်းစွဲလမ်းလာကြပါတယ်။ ဆိုးတဲ့အချက်က TikTok ဟာ YouTube လောက် အန္တရာယ်ကင်းရှင်းမှုစစ်ဆေးထားခြင်းရှိမရှိဆိုတဲ့အချက်ပါပဲ။

စင်ကာပူမှာ TOUCH Cyber Wellness က မိဘတွေကို TikTok ကနေ Skull-Breaker Challenge လိုမျိုးတွေကို သတိပေးထားပါတယ်။

အဲ့လိုမျိုး TikTok က Challenge ချဲ့လင့်တွေကြောင့် အမေရိကန်နိုင်ငံမှာ ကောင်လေးတစ်ယောက်သေဆုံးခဲ့ပြီး ဘရာဇီးနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်သေဆုံးခဲ့ပါတယ်။

ဒါကြောင့် အသက် ၁၆ နှစ်အရွယ်တွေတောင်မှ မှန်မှန်ကန်ကန်မဆုံးဖြတ်နိုင်တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ TikTok က TikTok က Challenge မျိုးသာမက ရုန့်ရင်းကြမ်းတမ်းတဲ့ ဗီဒီယိုကားတွေ တစ်ချို့ရုပ်ရှင်တွေကို ရုပ်ရှင်တီဗီလိုင်းတွေက #လွှင့်နေတိုင်းသားသမီးတွေကိုမပြကြပါနဲ့။

👉 ကလေးငယ်တွေဟာ #လင်မယားကွဲခန်း၊ #မိန်းကလေးတစ်ယောက်ကိုမိုက်မိုက်ရိုင်းရိုင်းစော်ကားပြောခန်း၊ #သေကြောင်းကြံခန်းတွေကို စိတ်ဝင်တစားကြည့်နေကြတာကို ကျနော်စိတ်မကောင်းစွာနဲ့ မြင်ဖူးပါတယ်။

ဒါတွေဟာ တကယ်ကိုတွေ့နေရလို့ပြောတာပါ။

ကလေးတွေဟာ #အတုမြင်အတတ်သင်ဆိုတာကို မိဘ၊ ဘိုးဘွားတွေမမေ့ကြပါနဲ့။ ကလေးငြိမ်ရင်ပြီးရော တီဗီပြထား၊ တက်ဘလက်ပေးထား၊ ဖုန်းပေးထား တာမျိုး #မလုပ်ကြပါနဲ့ခင်ဗျား။

မြန်မာပြည်မှာလည်း TOUCH Cyber Wellness လိုမျိုးတွေကနေ မိဘတွေကိုအသိပညာပေးတာပြုလုပ်သင့်နေပါပြီ။

စင်ကာပူမှာ ကလေးတွေကို ကျောင်းမှာအသိပညာပေးသလို မိဘတွေကိုလည်း အသိပညာပေးပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးဆက်ရေးစရာတွေရှိနေပါသေးတယ်။

Richard Myo Thant
28-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •