Trump ကိုဘယ်နိုင်ငံတွေကပြန်နိုင်စေချင်သလဲ⁉️
#ပြန်နိုင်စေချင်သောနိုင်ငံများ။
🇹🇼 ထိုင်ဝမ်
တရုတ်ပြည်ရဲ့ခြိမ်းခြောက်မှုရှိနေတာကြောင့် Trump ကိုကျိန်းသေပြန်နိုင်စေချင်ပါတယ်။ ထိုင်ဝမ်နဲ့တရုတ်သမိုင်းကြောင်းကိုထည့်မပြောပါ။ လက်ရှိနိုင်စေချင်မှုအကြောင်းရင်ကိုသာထောက်ပြပါတယ်။
🇧🇷 ဘရာဇီး
ဘရာဇီးသမ္မတဟာတရုတ်ကိုမလိုလားသူပါ။ တရုတ်ဆီကကာကွယ်ဆေးဝယ်ယူရန်အစီအစဉ်ကိုပယ်ချပစ်ခဲ့သူပါ။
ထရမ့်ကလည်းဘရာဇီးကိုကူဖို့ကတိကဝတ်တွေပေးထားပါတယ်။ အမေဇုံတောမီးလောင်တဲ့ကိစ္စမှာတောင် ဘရာဇီးသမ္မတဘက်က Trump ကရပ်ခဲ့တာပါ။
Trump ရဲ့ “America First” ကိုနမူနာယူပြီး “Brazil above all.” slogan ကိုယူထားတာပါ။
🇮🇳 အိန္ဒိယ
တရုတ်ရဲ့နယ်စပ်ပြဿနာတွေ၊ ဒေသတွင်းတင်းမာမှုတွေကြောင့် အိန္ဒိယဝန်ကြီးချုပ်က Trump ကိုလိုလားပါတယ်။
Covid စကာစမှာတောင် Trump က အိန္ဒိယကိုသွားလည်ထားတာပါ။ Obama လက်ထက်က မိုဒီကိုဝေဖန်ထားတာတွေရှိပါတယ်။ Bush တုန်းကလည်း မိုဒီကို ဗီဇာငြင်းပယ်တဲ့အထိဖြစ်ဖူးပါတယ်။ Trump နဲ့ကအဆင်ပြေပါတယ်။
🇵🇭 ဖိလစ်ပိုင်
Obama လက်ထက်က ဖိလစ်ပိုင်သမ္မတဒုတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုမှာ ခပ်ကြမ်းကြမ်းကိုင်ခဲ့လို့ ဆက်ဆံရေးပျက်ပြားခဲ့ပါတယ်။
Trump လက်ထက်မှာ Obama ထက်အဆင်ပြေပါတယ်။
🇭🇺 ဟန်ဂေရီ
Trump နဲ့ ဟန်ဂေရီဝန်ကြီးချုပ်နဲ့ အင်မတန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူကလည်း Trump လို လက်ယာဆန်ပြီး ခပ်ကြမ်းကြမ်းအုပ်ချုပ်သူမို့ အမတေချင်းအလွမ်းသင့်ပါတယ်။
🇭🇰 ဟောင်ကောင်
ဟောင်ကောင်နိုင်ငံသားတွေက Trump ကိုလိုလားပါတယ်။ တရုတ်ရဲ့ဒီမိုကရေစီအရေးဖိနှိပ်မှုကို တွန်းလှန်ချင်လို့ပါ။
🇻🇳 ဗီယက်နမ်
ဗီယက်နမ်ဟာတရုတ်ပြည်ကိုလုံးဝအယုံအကြည်မရှိတဲ့အတွက် တရုတ်ကိုခပ်ကြမ်းကြမ်းကိုင်မယ့် Trump ကိုလိုလားပါတယ်။
တောင်တရုတ်ပင်လယ်ထဲက တရုတ်ရဲ့ခြိမ်းခြောက်မှုလည်းပါပါတယ်။
🇯🇵 ဂျပန်
ဂျပန်ကိုယ်တိုင် တရုတ်ရဲ့ဒေသတွင်းဗိုလ်ကျစိုးမိုးချင်မှုကိုမလိုလားတဲ့အတွက် Trump ကိုလိုလားပါတယ်။
#ပြန်မနိုင်စေချင်သောနိုင်ငံများ။
🇨🇳 တရုတ်ပြည်က ကုန်သွယ်မှုစစ်ပွဲကိစ္စနဲ့ Trump ကိုမလိုလားပါ။ ဒေသအတွင်းပြဿနာတွေမှာ အမေရိကန်ပါဝင်နေမှုကြောင့်လည်းပါပါတယ်။
🇮🇷 အီရန်
အီရန်ကလည်း Trump နဲ့လုံးဝမတည့်ပါ။
နိုင်ငံအသီးသီးက Trump အပေါ်လိုလားခြင်းမလိုလားခြင်းဟာ ကိုယ့်နိုင်ငံအကျိုးစီးပွားပေါ်မှာ လိုအပ်ချက်အလိုက်မူတည်ပါတယ်။
🇲🇲 မြန်မာပြည်အတွက်တော့ Trump နိုင်ခြင်းမနိုင်ခြင်းက တိုက်ရိုက်အများကြီးအကျိုးသက်ရောက်လိမ့်မယ်လို့မထင်ပါ။ တရုတ်နဲ့ပတ်သက်ပြီးတော့ သွယ်ဝိုက်ပြီးအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
🇺🇸 အမေရိကန်ပြည်တွင်းမှာတောင် Trump ကို ကြိုက်မကြိုက်နှစ်ခြမ်းကွဲသေးတာပဲမလား?
Trump အပေါ်ကြိုက်မကြိုက်ဆိုတာ လူတွေရဲ့ တရုတ်ပြည်အပေါ်အမြင်၊ ကုန်သွယ်မှုစစ်ပွဲပေါ်အမြင်တွေပေါ်မူတည်ပြီး ကွဲပြားကြပါကြောင်း။
Richard Myo Thant
4-November-2020