UAE ကျန်းမာရေးဝန်ကြီး ပထမဆုံးကိုဗစ် ကာကွယ်ဆေးအထိုးခံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

UAEကျန်းမာ ရေးဝန်ကြီးက ပထမဆုံးကိုဗစ်
ကာကွယ်ဆေးအထိုးခံခဲ့

22 September22,2020

ကိုဗစ်၁၉ကို ကိုင်တွယ်တောင်ရွက်နိုင်ဖို့
ကာကွယ်ဆေးအပေါ်ယုံကြည်စိတ်ချမှုနဲ့တုပ်
ကွေးဆေးထိုးမှုဟာ အသက်တမျှအရေးပါတဲ့အကြောင်း
UAEနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးက အများပြည်သူကို ကိုရိုနာရောဂါက ကာကွယ်ဖို့အတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ကာကွယ်ဆေးကိုအထိုးခံခဲ့ပါတယ်။

အဘ်ဒူရာဟမန် အယ်(လ်) အိုဝါအစ် ဟာယUAEနဲ့တရုတ်ပြည်အကြား စမ်းသပ်မှုဆောင်ရွက်ပြီးတိုးတက်မှုတွေရထားတဲ့ကာကွယ်ဆေးကိုစတင်အထိုးခံလိုက်ပါတယ်။အဲ့ဒီ့နေ့မှာပဲလူ၁၀၀၀၀၀ကျော်ကို၂၄နာရီ
အတွင်းကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

လူတယောက်ကို ကိုဗစ်ပိုးကူးစက်တိုးပွါးမလာအောင် ကာကွယ်ရာမှာထိုးဆေးဟာထိရောက်မှုရှိပြီးဘေးကင်းတယ်လို့စမ်းသပ်မှုတွေကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်ပြီးနောက် လွန်ခဲ့တဲ့အပတ်က
ထိုးဆေးကို သဘောတူခွင့်ပြုခဲ့ပါတယ်။
ကာကွယ်ကုသဆေးဟာ ဗိုင်းရပ်(စ်)ကို
တိုက်ခိုက်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတွေ
တိုးမြင့်လာအောင်လုပ်ဆောင်ပေးပါတယ်။

ဗိုင်းရပ်(စ်)ကြောင့်ကမ္ဘာအနှံ့လူပေါင်း
သန်း၃၀ကျော်ရောဂါကူးစက်နေပြီး လူပေါင်း
၉၅၀၀၀၀အထိသေဆုံးခဲ့ရပြီဖြစ်ပါတယ်။
ဒီဆေးကိုရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို
အရင်ထိုးပေးမယ်လို့ပြောပါတယ်။
UAE နိုင်ငံမှာ၂၄နာရီအတွင်းလူပေါင်း
၁၀၃၁၂၄ယောက်ကိုစမ်းသပ်ရာမှာ ၈၀၉ယောက်မှာရောဂါကူးစက်နေတာတွေ့ရပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •